ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က ဖမ်းဆီးရမိတယ်လို့ အိန္ဒိယသတင်းဌာနဖြစ်တဲ့ The Print က မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ရေးသားထားပါတယ်။

အဲဒီမူးယစ်ဆေးကို အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်ခရိုင် ဇိုခေါ်ထာရ်ရွာမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား ၉.၂၉ ကီလိုဂရမ် ကာလတန်ဖိုး ဒေါ်လာ သုံးသန်းကျော် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးနဲ့ မူးယစ်ဆေးကို ဆက်လက် စစ်ဆေးနိုင်ဖို့ အာသံရိုင်ဖယ်တပ်က မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဖော်ပြပေမဲ့ နာမည်နဲ့ မြို့နယ်နာမည်ကိုတော့ သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။

ဇိုခေါထာရ်ရွာမှာ စစ်ဘေးရှောင်နေတဲ့ မြန်မာနိုင်ငံတစ်ဦးကတော့ ဖမ်းဆီးခံရသူနှစ်ဦးဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ ဒေသခံနှစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ဆလိုင်း လာလ်ထန်းဗဲလ်လာနဲ့ အသက် ၂၆ နှစ်အရွယ် ဆလိုင်းဇိုင်းထန်းပွီးအာတို့ ဖြစ်တယ်လို့ ရွှေဖီမြေသို့ ပြောပါတယ်။

“ရိဒ်ခေါဒါရ်ဘက်က ချင်းတွေပါ။ ပူဟရန်းထန်ဇဲမ်မာနဲ့ ပူရာလ်ဒိုထန်းနာတို့ရဲ့ သားတွေပါ။ လောလောဆယ်တော့ သူတို့တွေကို ပြည်နယ်ရဲအဖွဲ့က ဘယ်လို အရေးယူဆောင်ရွက်သွားမလဲဆိုတာတော့ မသိရသေးဘူး။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးက ကာလတန်ဖိုး အတော်များတယ်”

အိန္ဒိယ-မြန်မာ မီဇိုရမ်ပြည်နယ်မှာ မကြာခဏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး အခုဖမ်းမိတဲ့ မူးယစ်းဆေး ပမာဏဟာ မီဇိုရမ်ပြည်နယ်မှာ ဖမ်းမိတဲ့ထဲ ပမာဏအများဆုံးထဲကတစ်ခု ဖြစ်တယ်လို့ နှစ်နိုင်ငံနယ်စပ်ဒေသခံတွေက သုံးသပ်ပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ အရက်သေစာ ရောင်းချခွင့်ကို ပြည်နယ်အစိုးရက ပိတ်ပင်ထားပေမဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု အလွန်မြင့်မားနေတာကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်ထဲ မူးယစ်ဆေးဝါး သုံးစွဲမူကြောင့် လူ ၆၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။