ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၇ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကစလို့ ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ ရောဂါဖြစ်ပွားသူ အမျိုးသမီး ၂၃ ဦးနဲ့ ၈ လသားအရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦးတို့ ကူးစက်ခံထားရပါတယ်။

“အိမ်တစ်အိမ်မှာ တစ်ယောက် ဖြစ်လိုက်ပြီဆိုတာနဲ့ တစ်အိမ်လုံးလိုလို ဖြစ်နေတယ်။ ပြီးတော့ ဘေးအိမ်တွေကပါ ကူးစက်သွားတယ်။ ဒီရောဂါက ကူးစက်မှုကလည်း အရမ်းမြန်တယ်” လို့ ကာကီရွာက စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ဆေးဝါးနဲ့ ကုသပေးမဲ့ ကျန်းမာရေးဝန်ထမ်း မရှိတာကြောင့် ကာလဝမ်းရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာသလို လူနာတွေကလည်း ပိုများလာတယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံရသူ လူနာအများစုဟာ အသက်မပြည့်သေးတဲ့ ကလေးနဲ့ အသက် ၅၀ ထက် အသက်ကြီးပိုင်းတွေမှာ အမြန်ဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လူနာအများစုက ခုခံအားနည်းတဲ့သူတွေမှာအဖြစ်များတယ်ဆိုတော့ ဆေးကုသမှု မလုပ်ရင် သေဆုံးနိုင်ခြေ ရှိနိုင်တယ်။ လောဆယ် သေဆုံးမှုကတော့ မရှိသေးပါဘူး” ဆိုပြီး ကာကီရွာမှ စစ်ဘေးရှောင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နဲ့ ၃ ရက်ကလည်း ကာလဝမ်းရောဂါကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုးချောင်းဝရွာမှာ တစ်နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က…

မလေးရှားမှာ ၁၀ ရက်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အထောက်အထားမဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော် ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။