အိုက်ပွီး၊ ဧပြီ ၁၂ ရက်၊ မလေးရှား

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ ဘင်္ဂလားဒေ့ရှ် ၉၃ ဦး၊ အင်ဒိုနီးရှား ၄၉ ဦး၊ မြန်မာ ၅၉ ဦး၊ ပါကစ္စတန် ၆ ဦး၊ နီပေါ ၄၆ ဦး၊ အိန္ဒိယ ၂၂ ဦး၊ သီရီလင်္ကာ ၁၁ ဦးနဲ့ ဆူဒန် ၂ ဦးတို့ ဖြစ်ပါတယ်။

ကာကျန်းမြို့က နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေကို ဧပြီ ၁၀ ရက် ည ၁၁ နာရီဝန်းကျင်မှာ မလေးရှား အာဏာပိုင်အဖွဲ့တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရတာပဲ ဖြစ်ပါတယ်။

“နိုင်ငံခြားသားတွေနေတဲ့ နေရာတွေကို ရဲတွေ၊ လဝကတွေ စစ်ဆေးတာပါ။ အထောက်အထား အပြည့်အစုံ မပြနိုင်တဲ့ နိုင်ငံခြားတွေ ဖမ်းဆီးခံရတယ်။ မြန်မာတွေလည်း ပါတယ်။ မြန်မာ အမျိုးသမီးတွေလည်း ပါတယ်” လို့ မလေးရှားရောက် မြန်မာအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေဟာ မလေးရှားမှာ တရားမဝင် လာရောက် နေထိုင်ပြီး စက်ရုံ၊ စားသောက်ဆိုင်မှာ အလုပ် လုပ်နေကြသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့တွေကို တရားမဝင် နေထိုင်မှုနဲ့ မလေးရှား လဝက ဥပဒေနဲ့ တရားစွဲဆိုခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“လဝက ဖမ်းပြီဆိုရင် ပြန်မလွတ်တော့ဘူး။ သူတို့ကို တရားမဝင် နေထိုင်မှုနဲ့ လဝက ဥပဒေနဲ့ တရားစွဲဆိုမယ်။ ပြီးရင် တရားရုံးက ထောင်ဒဏ် ချမှတ်မယ်။ ပြစ်ဒဏ် ကျခံပြီးရင် ကိုယ့်နိုင်ငံအသီးသီးကို ပြန်ပို့ခံရမှာဖြစ်တယ်” လို့ လူမှုကူညီရေး ဆောင်ရွက်နေတဲ့ မြန်မာအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အလားတူ ပီနန်းပြည်နယ် ပီနန်းမြို့မှာလည်း နိုင်ငံခြားသားတွေ နေထိုင်တဲ့နေရာတွေကို ဧပြီ ၁ဝ ရက် ညပိုင်းက မလေးရှား အာဏာပိုင်အဖွဲ့တွေက နှစ်ကြိမ် ဝင်ရောက် စစ်ဆေးပြီး မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားတွေ ရာနဲ့ချီ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က…