ဓာတ်ပုံ – Local

မိုင်းရူပ၊ ဇွန်လ ၂၀ ရက်

ထောင်ဒဏ်တစ်သက် ချမှတ်ခံရပြီး ထောင်ဖောက်ပြေးတဲ့ အကျဉ်းသားတစ်ဦးကို သေဒဏ်ချမှတ်ပြီး ချက်ချင်းးကွပ်မျက်ခဲ့တယ်လို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA က ဇွန်လ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

UWSA ရဲ့ ထု​​တ်ပြန်ချက်မှာ ဝမ် ဆိုတဲ့အမျိုးသားဟာ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ပြန်ပေးဆွဲမှုစတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်မှာ ဝမ်ဟာ ထောင်ဖောက်ထွင်းခဲ့ပြီး ထောင်တွင်းရှိ အကျဥ်းသားတွေကို ထွက်ပြေးဖို့ စီစဥ်ခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ ဝပြည်နယ်ရဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာဖြစ်ပြီး သေဒဏ်ပေးကာ ချက်ချင်းကွပ်မျက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်ကို သိရှိထားသူတစ်ဦးက” သူက တရုတ် လူမျိုး ဖြစ်တယ်။ သူက အကျဥ်းထောင်ကို ခိုးဖောက်တဲ့အချိန် မိတာ။ သူက မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးဆိုးလုယက်မှုတွေ ကျူးလွန်တာလည်းရှိတယ်။ သူ့ကို သေဒဏ်ပေးပြီး ချက်ချင်းကွပ်မျက်လိုက်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

UWSA ရဲ့ ထုတ်ပြန်ချက်မှာ သေဒဏ်ပေးခံရတဲ့ အမျိုးသားဟာ ဘယ်အကျဥ်းထောင်မှာ အကျဥ်းချခံနေရတာနဲ့ ဘယ်နေရာကွပ်မျက်ခံရတာလဲ ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မေလထဲမှာလည်း ကလေးငယ်တစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ဦးကို UWSA က သေဒဏ်ပေးတဲ့ ​ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။