ရွှေဖီမြေ၊ ဇွန် ၁၉

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းစီးခြင်းကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PSLF/TNLAရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ဆုတောင်းပေးတဲ့ ရုပ်သံဖိုင်ကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှထားပါတယ်။

ဒီနေ့ ဇွန်လ ၁၉ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်စုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

“Happy Birthday ဒေါ်အောင်ဆန်းစုကြည်။ အမြန်ဆုံးလွတ်မြောက်ပါစေ။ မြန်မာပြည်ကို အမြန်ဆုံး ဦးဆောင်နိုင်ပါစေ”ဆိုပြီး ဆုတောင်းထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီတပ်က အမှုပေါင်း ၁၉မှုနဲ့ စွဲချက်တင်ခဲ့ပြီး ထောင်ဒဏ်စုစုပေါင်း နှစ် ၃၀ကျော် ချမှတ်ထားပါတယ်။

အကျည်းကျခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကမ္ဘာတဝှမ်းက မွေးနေ့ဆုတောင်းပေးတဲ့ ဗီဒီယိုဖိုင်လည်း ၈၀၀၀၀ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ဘက်လက် ဒဏ်ရာရရှိခဲ့လို့ စိုးရိမ်ကြောင်း Suh Foundation က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။