လွေးဇွန်မိုး၊ ဇွန်လ ၂၆ ရက်၊ မိုးမိတ်

တအာင်းတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတတ်ရေးပါတီ(SSPP)တပ်တို့ အကြားဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို မဟာမိတ်အချင်းချင်းကြား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ဖြေရှင်းသွားမယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စုထဲမှာ စစ်ကြောင်းထွက် ကင်းလှည့်နေတဲ့ TNLA စစ်ကြောင်းကို SSPP တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်ကထုတ်ပြန်ထားပြီး SSPP ကလည်း ၎င်းတို့ဘက်က စတင်ပစ်ခတ်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်မှာလည်း မိုင်းငေါ့မြို့နယ်၊ မန်ပွန်းကျေးရွာအနီးမှာရှိတဲ့ TNLA စစ်ဆေးရေးဂိတ်ကို SSPP တပ်မဟာ (၇၂၉) လက်အောက်ခံ တပ်ရင်း (၂၀၈)က လူအင်အား ၄၆ ဦးပါတဲ့ ကား ၂ စီးဟာ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားပြီးနောက် သေနတ်ပစ်ဖောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

မဟာမိတ်အချင်းချင်းကြား ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားတာနဲ့ပတ်သတ်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို အခုလိုပြောပါတယ်။

“လတ်တလောမှာ ကျမတို့ TNLA နဲ့ SSPP ကြားမှာ ခဏခဏ ပွတ်တိုက်မှုတွေရှိတယ်။ ပွတ်တိုက်မှုတွေဆိုတာကတော့ SSPP ဘက်က ကျမတို့ကို စတင်ပစ်ခတ်တာမျိုးတွေ ရှိနေပါတယ်။ ဒီနေ့နဲ့ဆို ဒီတစ်လအတွင်းမှာ သုံးကြိမ်အထိရှိပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က မိုးမိတ်၊ မိုးဟောက်ဘက်မှာ ကျမတို့ စစ်ကြောင်းခရီးထွက်ပြီးကင်းလှည့်နေတဲ့ချိန်မှာ SSPP ဘက်က ကျမတို့ကို ပစ်ခတ်တာတွေရှိတယ်။ နောက်တစ်ခုက ကင်းလှည့်နေတဲ့အချိန်မှာ လုံ​ခြုံရေးကင်းစောင့်တွေကို ပစ်ခတ်တာမျိုးပေါ့နော်။ လုံခြုံရေးကင်းစောင့်ကတော့ ဒဏ်ရာရသွားပါတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်က မိုင်းငေါ့မြို့နယ်၊ မန်ပွန်းကျေးရွာအနီးမှာရှိတဲ့ TNLA စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခဲ့တာမရှိဘူးလို့ SSPP က မနေ့ ဇွန်လ ၂၅ ရက်မှာ ထုတ်ပြန်ငြင်းဆိုထားပါတယ်။

SSPP ဖမ်းဆီးထားတဲ့ TNLA ရဲ့ တပ်သား ၇ ဦးကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်မှာ ပြန်လွတ်ပေးခဲ့ပြီး မဟာမိတ်အချင်းချင်းကြား ဖြစ်ပွားတဲ့ ပြဿနာတွေကို အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းသွားမယ်လို့ လွေးယေဦးက ပြောပါတယ်။

“ဒါတွေသည် ကျမတို့ မဟာမိတ်အချင်း ဖြစ်တဲ့ ပြဿနာတွေသာဖြစ်ပါတယ်။ မဟာမိတ်အချင်းချင်း တွေ့ဆုံပြီးတော့မှ ဒီပြဿနာကို မဟာမိတ်လမ်းကြောင်းနဲ့ပဲ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဆိုတဲ့အတွက်ကြောင့် လူထုအနေနဲ့ ဒီကိစ္စအပေါ်မှာ စိုးရိမ်စရာမရှိဘူးလို့ ပြောချင်ပါတယ်”

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း ကျောက်မဲမြို့နယ် ဟူးဆွန်တောင်မှာ TNLA နဲ့ SSPP တပ်တို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး TNLA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

TNLA နဲ့ SSPP “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။