ရွှေဖီမြေ၊ ဇွန်လ ၁၂ ရက်
တအာင်းတပ်- TNLA ရဲ့ အပတ်စဉ် ၆၇ အခြေခံစစ်သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်မှာ တအာင်းဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ TNLA က ထုတ်ပြန်လိုက်ပါတယ်။
ဘက်စုံတိုက်ခိုက်ရေး အခြေခံစစ်သင်တန်းမှာ အမျိုးသမီး ၁၆၅ ဦးနဲ့ အမျိုးသား ၆၅၇ ဦး စုစုပေါင်း ၈၂၂ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းဆင်းပွဲအခမ်းအနားကို TNLA ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်တားဟိုပလန်က တက်ရောက်ပြီး တပ်သားတွေကို အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နိုဝင်ဘာ ၉ ရက် မှာလည်း အမျိုးသမီး ၂၀၀ အပါအဝင် လူဦးရေ ၁၀၀၀ ကျော်ပါဝင်တဲ့ TNLA အပတ်စဥ် ၆၆ တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
လက်ရှိ TNLAဟာ စစ်ကောင်စီနဲ့ နောင်ချိုမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွါးနေပြီး ရှမ်းမြောက်က မြို့ပေါင်း ၁၂မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။