မြတ်နိုး၊ ဇွန် ၁၆ရက်၊ ဖားကန့်
ဖားကန့်မြို့နယ်၊ လုံးခင်းမှာ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့မနက်ပိုင်းက လူ ၃ ဦး ထပ်မံပစ်ခတ်ခံရကြောင်း ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
“သုံးယောက်တောင် ပြန်ပစ်သတ်ထားတာ။ ပစ်သတ်ခံရတဲ့ လူတွေလည်း ဘိန်းစားလိုလို ဘာလိုလို။ ဘယ်သူမှန်းမသိရဘူး” လို့ လုံးခင်း ဒေသခံ လူငယ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဇွန်လ ၁၆ ရက်နေ့ မနက် ၇ နာရီမိနစ် ၂၀ ခန့်က ရပ်ကွက် ၅ ရှိ ရှမ်းလေးကွမ်းယာဆိုင်ရှေ့မှာ လူတစ်ဦး ပစ်ခတ်သတ်ခံထားရပြီး အောင်ရာရွာ N 2 မူကထ ဆိုင်ရှေ့မှာလည်း ဆိုင်ကယ်နဲ့လူတစ်ဦးက အမည်မသိ လူတစ်ဦးကို ပစ်ခတ်သွားကာ လုံးခင်း နားခိုရာ အနီးမှာလည်း နောက်တစ်ဦးကို ထပ်မံပစ်ခတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“မသေသေးတဲ့ တစ်ယောက်က မနေ့ည ကတည်းက ပစ်ခတ်ခံထားရတယ်လို့လည်း သိရတယ်။” လို့ နောက်ထပ် အမျိုးသား တစ်ဦးကပြောပါတယ်။
ပစ်သတ်သွားတဲ့ သေနတ်သမားက ဘယ်အဖွဲ့အစည်းကဆိုတာ မသိရသေးဘူးလို့ သူက ပြောပါတယ်။
လုံးခင်းမှာ အရပ်သားတွေ မကြာခဏပစ်ခတ်ခံနေရတာကြောင့် အရပ်သားတွေအနေနဲ့ နေအိမ်ထဲကနေ အပြင်မထွက်ကြဖို့ ဒေသခံတွေ အချင်းချင်း သတိပေးထားကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။