ဓာတ်ပုံ- APM

အိုက်ပွီး၊ ဇွန်လ ၈ ရက်၊ သံတွဲ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ဘေးရှောင်စခန်းအပါအဝင် နေရာ ၃ နေရာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဇွန်လ ၇ ရက် ည ၁၀ နာရီဝန်းကျင်မှာ သံတွဲမြို့ အမှတ် ၈ ရပ်ကွက်နဲ့ စစ်ဘေးရှောင်တွေ ခိုလှုံတဲ့ ကျောက်ကြီးရွာ အထက်တန်းကျောင်း၊ ပုစွန်ဖြေ စာသင်ကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာပဲ ဖြစ်ပါတယ်။

“ဆက်သွယ်ရေး ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရတော့ ထိခိုက်သေဆုံးမှု အရေအတွက် အသေးစိတ် မသိရဘူး။ ဒီနေ့မနက် ကြားရတာ ၃ ယောက်လောက် သေဆုံးတယ်။ ၁၀ ယောက်လောက် ဒဏ်ရာ ရတယ်။ ဒီထက် ပိုများလာနိုင်ပါတယ်” လို့ သံတွဲ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ ကျောက်ကြီးရွာ အထက်တန်းကျောင်းနဲ့ ပုစွန်ဖြေ စာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေ ခိုလှုံတဲ့ စာသင်ကျောင်းအပါအဝင် အရပ်သား နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“မြို့ထဲမှာ ကြဲတဲ့ ဗုံးသီးက စကစ စုဆောင်းရေးအဆောက်အဦး ပျက်စီးတယ်။ လူမနေတော့ ထိခိုက်မှု မရှိဘူး။ စစ်ဘေးရှောင်တွေ ခိုလှုံတဲ့နေရာထဲကျတဲ့ ဗုံးသီးက စာသင်ကျောင်းတွေ ပျက်စီးသွားတယ်။ ပြီးတော့ လူနေအိမ်တချို့ ပျက်စီးသွားတယ်” ဆိုပြီး နောက်ထပ် သံတွဲ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီက ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ နိုင်ငံတစ်ဝန်း ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကြေညာထားတဲ့ကာလမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ သံတွဲမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။