ဓာတ်ပုံ- PSLF/TNLA

လွေးဇွန်မိုး၊ ဇွန်လ ၉ ရက်

တအာင်းတပ်မတော်- PSLF/TNLA၊ တအာင်းအမျိုးသားပါတီ- TNP နဲ့ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ- TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း TPCC က ထုတ်ပြန်ထားပါတယ်။

TNP, PSLF/TNLA နဲ့ TCSO တို့ ပါဝင်တဲ့ TPCC ရဲ့ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ၃ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး တအာင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဖြစ်တဲ့ အဓိကမဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းကြပ်မတ် ဦးဆောင်နိုင်ဖို့အတွက် TLC ကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ TLC ရဲ့ ဒုဥက္ကဌ(၁) လွေးမိုးခမ်းက ပြောပါတယ်။

“TPCC ကနေ TLC ကို ပြောင်းလဲဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်လိုက်တာပါ။ နောက်ဖြစ်လာမယ့် အစိုးရကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်ဖို့ပါ”

PSLF/TNLA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက TLC ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး TPCC ကိုယ်စားပြုအနေနဲ့ လွေးမိုးခမ်းက ဒုဥက္ကဋ္ဌ(၁)၊ တအာင်းအမျိုးသားပါတီကိုယ်စား တားအေးမောင်က ဒုဥက္ကဋ္ဌ(၂)အဖြစ် တာဝန်ယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

TLC ရဲ့ အတွင်းရေးမှူးအဖြစ် လွေးပိုးကမေဲ;ခြိူဝ်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ကြီး လွေးယေ၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ် တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်တို့ ပါဝင်ပါတယ်။

ဇွန်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ တအာင်းနိုင်ငံရေး ထိပ်သီးအစည်းအဝေးမှာ တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီ- TSCDC က ရေးဆွဲထားတဲ့ “တအာင်းပြည် တော်လှန်ရေးကာလ အစိုးရအစီအမံ”ကိုလည်း လက်ခံ အတည်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အခြေခံပြီး တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို အစုအဖွဲ့ ၃ ဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်အပြင် သင့်လျော်တဲ့ လူထုကိုယ်စားလှယ်တွေလည်း ပါဝင်လာနိုင်ဖို့ အမြန်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

PSLF/TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း စတဲ့မြို့ ၁၂ ခုကို သိမ်းပိုက်ကာ ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။