လွေးလာဝ်ဇာရ်၊ ဇွန်လ ၂၉ ရက်

ရှမ်းတောင် မိုင်းရှူး၊ ဝမ်ဟိုင်း၊ ဟိုက်ပုနဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲက မိုင်းဟဒေသနဲ့ တန်းယန့်မြို့နယ်တွေမှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေ ဆက်လက်ကြီးထွားနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အဲနေရာတွေဟာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွေ အခုလို ကြီးထွားလာနေတာဟာ ဒေသအာဏာပိုင်တွေရဲ့ သဘောတူညီမှုမရဘဲ လုပ်ကိုင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျားဖြန့်ကိစ္စနဲ့ ပတ်သက်ပြီး သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျားဖြန့်ကတော့ အရင်လိုဘဲ ဆက်ရှိနေတယ်။ မိုင်းဟမှာ အများဆုံးဘဲ။ မြို့ထဲတော့ မနေဘူး။ တောထဲမှာဘဲ နေတာများတယ်။ သူတို့နေတဲ့နေရာမသိရင် ရှာလို့လည်း မလွယ်ဘူး။ အခုက ဘယ်သူမှ မဖမ်းဘူးလေ။ အခွန်လည်း နှစ်ဖွဲ့စလုံး ဆောင်ထားတာကိုး။ အရင်က ဖမ်းတယ်ဆိုတာလည်း အခွန်မဆောင်လို့ ဟန်ပြဖမ်းတာ။ ပြဿနာရှိမှ ဖမ်းတာ။ ကျားဖြန့်တစ်ဖွဲ့ကို ၃ ရာ ၄ ရာလောက်ရှိတယ်။ အဲထက်များရင်လည်း များနိုင်တယ်”

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ကို SSPP တပ်ထံ ကျားဖြန့်လုပ်ကိုင်သူတစ်ဦးအတွက် တစ်လကို ယွမ် ၄ ထောင် (သိန်း ၂၀ ကျော်) ပေးရပြီး စစ်ကောင်စီတပ်ကိုတော့ ဘယ်လောက်ပေးဆောင်ရတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ကျားဖြန့်ကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက်အသေးစိတ်သိရဖို့ SSPP တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ရွှေဖီမြေက ဖုန်းဆက်သွယ်တာနဲ့ စာပို့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

စစ်ကောင်စီတပ်နဲ့ SSPP တပ်တို့ဟာ ၎င်းတို့ ထိန်းချုပ်နယ်မြေတွေမှာ ကျားဖြန့်လုပ်ကိုင်သူတွေကို ဖမ်းဆီးပြတာမျိုး လုပ်ကိုင်နေပေမယ့် တကယ့်မြေပြင်မှာတော့ ၎င်းတို့ ထိန်းချုပ်ဒေသတွေမှာ ကျားဖြန့်လုပ်ငန်းက ပိုမိုကြီးထွားလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာလည်း မိုင်းရှူးမြို့နယ်မှာ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားအပါအဝင် ဖုန်းနဲ့ ကွန်ပျူတာ စတဲ့ကျားဖြန့်သုံးပစ္စည်းတွေ သိမ်းဆည်းထား ရရှိခဲ့တယ်လို့ SSPP/SSA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေတဲ့ မူဆယ်မြို့မှာလည်း စစ်ကောင်စီတပ်က ကျားဖြန့်ရုံတွေ ဝင်ရောက်စီးနင်းတာတွေ လုပ်ဆောင်နေပြီး ၎င်းတို့ ဝင်ရောက်စီးနင်းတဲ့ ရုံတွေဟာ လိုင်းကြေးပေးဆောင်ခြင်း မရှိတဲ့ ရုံတွေသာဖြစ်တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ နိုဝင်ဘာ ၂၀ ရက်မှာ လူအင်အား ၅၀၀ ရှိတဲ့ တရုတ်ကျားဖြန့်အဖွဲ့က တန့်ယန်းမြို့နယ် မန်ကတ်ရွာအနီးက ကာချတ်ရွာကို ရောက်ရှိလာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။