ပို့လဘား၊ ဇွန်လ ၂၀ ရက်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံ- ကျောက်မဲကြားမှာရှိတဲ့ နမ့်ကော်တံတားဟာ ကျိုးကျပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၀ ရက် မနက် ၈ နာရီက နမ့်ကော်တံတား ကျိုးကျသွားခဲ့တာကြောင့် ကားနဲ့ ဆိုင်ကယ် သွားလာလို့ မရတော့ဘူးလို့ ပြောပါတယ်။
“အရင်က ကားသေးတို့ဆိုင်ကယ်တို့ သွားလာတာရှိပါတယ်။ အဲလိုဝိတ်များတဲ့ကားတွေ သွားလာခြင်းသိပ်မရှိဘူး။ တံတားကြံ့ခိုင်မှုအားနည်းလို့ပေါ့နော်။ ကားသမားက ဇွတ်ပြီးမောင်းနေလို့ ကျိုးကျသွားတာ။ အခု ကွင်းလမ်းလေးလုပ်ပေးထားတာပေါ့။ ကွင်းလမ်းလေးကတော့ တံတားနဲ့ သိပ်မဝေးဘူး”လို့ ဆိုပါတယ်။
နမ့်ကော်တံတားကျိုးကျသွားတဲ့အတွက် ကျောက်မဲ-မိုင်းလုံကို သွားလာဖို့ တံတားအနီးရှိ ကွင်းလမ်းကို ပြန်လည်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေကြီး ဖို့ထားတဲ့ မိုင်းလုံလမ်းဟာ ရွံတွေဖြစ်သွားတဲ့အတွက် ကုန်ကားတွေ နစ်မြှုပ်နေတာ ကားပိတ်မိနေတာတွေ မကြာခဏဖြစ်ပွါးတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။