ပျားကြီး၊ ဇွန် ၂၇၊ မင်းကွန်း

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသက ငလျင်ဒဏ်သင့်ကျေးရွာတွေကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းကစပြီး မင်းကွန်းဒေသမြောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

“ချက်ချင်းကြီးဝင်လာပြီး ပစ်တာ။ ပြီးတော့ မီးရှို့တော့တာပဲ။ အဝတ်တထည် ကိုယ်တခုနဲ့ပြေးရတာ။ မန္တလေးဖက်ကိုလည်းပြေးလို့မရဘူး ရေကြောင်းကပိတ်ထားတာ။ တောထဲပဲဝင်ပြေးနေရတာ”လို့ ကင်းကျေးရွာကဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိသတင်းရေးသားချိန်ည ၈ နာရီအထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ကင်းကျေးရွာတခုလုံးမီးလောင်ပြာကျခဲ့ရပြီး ပြည်သူ ၇ ဦးထက်မနည်းကိုလည်း စစ်ကောင်စီကပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလိုစစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ကင်း၊ ချောင်းမကြီး၊ အုန်းသဇင်၊ မြေတိုင်းစတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကဒေသခံ ၈၀၀၀ ကျော်ဟာဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ မီးရှို့ခံထားရတဲ့ နေအိမ်စာရင်းနဲ့ သတ်ဖြတ်ခံထားရတဲ့ လူဦးရေးစာရင်းကို ထပ်မံစုံစမ်းနေဆဲ ဖြစ်ပါတယ်။

မင်းကွန်းဒေသဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မြေကွဲအက်မှုတွေ၊ နေအိမ်ပြိုကျပျက်စီးမှုတွေရှိခဲ့ပေမဲ့ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့်မပေးခဲ့တာကြောင့် ဒေသခံတွေဟာလက်ရှိအချိန်ထိနေထိုင်စားသောက်မှုမှာ အခက်အခဲတွေအများအပြားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။