ဓာတ်ပုံ – Local

မြတ်နိုး၊ ဇွန် ၁၁၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့် မှော်ဆီစာ ကျောက်စိမ်း လုပ်ကွက်တွေကို မနေ့ဇွန်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီနဲ့ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ တို့ ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး အခုလို မီးရှို့ ဖျက်ဆီးတာ ၁၀ ရက်ရှိလာပြီ ဖြစ်ပါတယ်။

“ကုမ္ပဏီတွေ ဆုံးရှုံးမှု အရမ်းများနေပြီ။ မှော်ဆီစာမှာ စစ်ကောင်စီတပ်က လုက်ကွက်တွေကို မီးရှို့နေတာ ၁ဝ ရက် ရှိပြီ။ မီးရှို့တာတော့ မလုပ်သင့်ဘူး” လို့ ကုန်သည် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနေ့ မီးရှို့လိုက်တဲ့ လုပ်ကွက်တွေဟာ ဦးဇော်နိုင်ဌေးပိုင်စက်ယန္တရားတွေ ဖြစ်ပါတယ်။

“မှော်ဆီစာ အောင်သာယာ ၁ ဘက်လည်း မနေ့ညနေပိုင်း ၆ နာရီခွဲကျော်အထိ မီးလောင်နေတုန်းပဲ။ ကြိုဆိုပါ၏ ဆိုင်းဘုတ်နားက ကုမ္ပဏီမှာ ရှို့ထားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကာမိုင်းဘက်ကနေ ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ လပိုင်းက ဖားကန့်ထဲ ရောက်ရှိလာပြီးနောက် အခုလို ကျောက်စိမ်း လုပ်ကွက်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ မနက် စောပိုင်း ၁ နာရီ ဝန်းကျင်ခန့်ကလည်း ဖားကန့် ဆိပ်မူရွာ သုဿာန်ရှေ့ မှော်လကင် အတက်လမ်းက ယမ်းသိုလှောင်ထားတဲ့ ခြံဝင်းတစ်နေရာကို စစ်ကောင်စီ ဒရုန်းဗုံးကြဲရာက ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။

ဇွန်လ ၈ ရက်နေ့က နေ့ခင်းပိုင်းကလည်း တောက်ပကြယ်ကုမ္ပဏီမှာ စစ်ကောင်စီက ဒုတိယအကြိမ်အဖြစ် မီးရှို့ခဲ့ပြီး လုံးခင်း၊ ငိုပင်းမှော် လုပ်ကွက်ဟောင်းဘက် စစ်ကောင်စီက ၈ ရက်ဆက်တိုက် မီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်ကလည်း ဖားကန့် တပမ်ကုန်းကနေ စစ်ကောင်စီတွေက ဒရုန်းနဲ့ လုံးခင်း ခွန်ဆာကုန်းရှိ ဧရာဦးကုန်မာဆိုင်အနီးက ယမ်းဂိုဒေါင်ကို ဗုံးချဖောက်ခွဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၉ ဦး သေဆုံးကာ နေအိမ်နဲ့ အဆောက်အဦး တချို့ပျက်စီးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။