ဓာတ်ပုံ – CJ

ပျားကြီး၊ ဇွန် ၉ ရက်၊ အင်းဝ

ဒုတ္ထဝတီမြစ်ရေမြင့်တက်လာပြီး ကမ်းပါးပြိုကျမှုတွေရှိလာတဲ့အတွက် အင်းဝမြို့ဟောင်းမှာရှိတဲ့ အိုးတုတ်တန်းကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်မှုတွေ စတင်ပြုလုပ်နေရပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်အားပြင်းစစ်ကိုင်းငလျင်ဒဏ်ကြောင့် အင်းဝမြို့ဟောင်းရဲ့ အရှေ့မြောက်ပိုင်းက အိုးတုတ်တန်းကျေးရွာမှာ မြေအက်ကွဲပြိုကျမှုတွေရှိခဲ့ပြီး မြစ်ရေမြင့်တက်လာမှုကြောင့် အက်ကွဲကြောင်းတွေထဲ ရေဝင်ရောက်ပြီး ကမ်းပါးတွေပြိုကျနေတာ ဖြစ်ပါတယ်။

“အရမ်းမြန်တယ်။ အက်ကြောင်းတွေထဲရေပြည့်တာနဲ့ ပြိုတော့တာပဲ။ အက်ကြောင်းတွေက အိမ်တွေအောက်အထိရှိနေတော့ စိုးရိမ်ရတယ်။ အဲ့ဒါကြောင့်ကြိုပြီးရွှေ့ကြတာပေါ့”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အိုးတုတ်တန်းကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေဟာ နှစ်စဥ် ဇူလိုင်နဲ့ ဩဂုတ်လတွေမှာမြစ်ရေလျှံတက်မှုကြောင့် အနည်းဆုံး ၃ ပေကနေ ၅ ပေအထိရေဖုံးလွှမ်းခံရလေ့ရှိတဲ့အတွက် ဒီနှစ်မှာ ငလျင်ဒဏ်သင့်အက်ကွဲကြောင်းတွေကြောင့်မြေပြိုကျမှုတွေရှိလာနိုင်တဲ့အပေါ် စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန်မှာ မြစ်ကမ်းအနီးကနေအိမ်ပေါင်း ၅၀ နီးပါးက ဒေသခံ ၂၀၀ ကျော်ဟာ အင်းဝမြို့ဟောင်းထဲက ရေလွတ်ရာနေရာတွေမှာ ယာယီပြောင်းရွှေ့နေထိုင်ဖို့ စီစဥ်ထားပေမဲ့ မြို့ဟောင်းကလည်း ငလျင်ဒဏ်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးထားတာကြောင့် ခက်ခဲမှုတွေရှိနေတယ်လို့ သေခံတွေကပြောပါတယ်။

“အရင်နှစ်တွေတုန်းက ရေတက်လာရင် မယ်နုအုဋ်ကျောင်းထဲပြေးကြတာပဲ။ ဒီနှစ်ကျ အုဋ်ကျောင်းကလည်းပြိုပြီဆိုတော့ ပြေးစရာနေရာသိပ်မရှိတော့ဘူး။ ရေတက်မယ့် ဝါဆို၊ ဝါခေါင်ဆိုရင် အကုန်ဒုက္ခရောက်ပြီ”လို့ အသက် ၉၄ နှစ်အရွယ် ဒေသခံအဘိုးအို တစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ ဒုတ္ထဝတီမြစ်ကမ်းပါး ပေပေါင်း ၃၀ ကျော်ပြိုကျပျက်စီးခဲ့ပြီး မြစ်နဲ့ ပေပေါင်း ၂၀၀ ဝန်းကျင်ကွာဝေးတဲ့နေရာတွေအထိ မြေပြင်အက်ကွဲကြောင်းတွေ ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။