ဓာတ်ပုံ- Local

ယာရူစိင်၊ ဇွန်လ ၂၀ ရက်၊ မိုင်းပေါက်

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ မိုင်းပေါက်မြို့မှာ မြေရှားသတ္တုတူးဖော်မှုက ဒေသခံတွေကို ထိခိုက်စေတာကြောင့် ရပ်တန့်ပေးဖို့ SHRF က တောင်းဆိုထားပါတယ်။

ရိုက်ထားတဲ့ ဂြိုလ်တုဓာတ်ပုံမှာ UWSA က မြေရှားသထ္တုတူးဖော်မှုတွေကို ၂၀၁၅ ခုနှစ်ကထက် ၈ ဆ တိုးချဲ့လုပ်ဆောင်လာတာကို တွေ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မနေ့ ဇွန်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၁၅ ခုနှစ်အစမှာ မြေရှားသတ္တုတွင်း ၃ ခုသာရှိပေမဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီမှာတော့ ဂြိုလ်တုဓာတ်ပုံအရ မြို့ရဲ့ တောင်ဘက်ရှိ တောင်ကုန်းတစ်လျှောက်မှာ မြေရှားသတ္တုတွင်း ၂၆ ခုကျော်ထိ ရှိလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

မြေရှားသတ္တုတူးဖော်တိုးချဲ့မှုကြောင့် ဒေသအတွင်းရှိ ရေ အရင်းအမြစ်ကို အန္တရာယ်ရှိ ညစ်ညမ်းစေနိုင်ပြီး သတ္တုတွင်းတွေထဲက ၃ ခုဟာ မြို့နဲ့ ၃ ကီလိုမီတာ ၄ ကီလိုမီတာခန့်သာ ဝေးကြောင်းကိုလည်း ဖော်ပြထားပါတယ်။

SHRFမှ ပြောရေးဆိုခွင့်ရှိသူ လျန်းဟန်က”အဓိကတော့ မြေရှားတူးဖော်မှုပေါ့နော်။ ဘယ်မှာ တူးတူး ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်သူပဲ တူးတူးပေါ့။ ဒေသခံတွေကို အရမ်းထိခိုက်စေတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း အရမ်းထိခိုက်တယ်။ အဓိက လူထုတွေကို ဘယ်လောက်ထိခိုက်တယ်ဆိုတာထက် မြို့လယ်ခေါင်မှာ ရေကြီးတာကိုပဲ ကြည့်လေ။ အခုလို မြစ်ရေတွေ ညစ်ညမ်းမှုတွေ ဖြစ်စေလို့ ရပ်တန့်ဖို့ တောင်းဆိုချင်ပါတယ်။ ဒေသခံတွေလည်း ရပ်တန့်ပေးဖို့ တောင်းဆိုနေကြပါတယ်”လို့ ပြောပါတယ်။

မိုင်းပေါက် ပတ်ဝန်းကျင်အနီးရှိ သတ္တုတွင်းနေရာတွေရဲ့ ထူးခြားပုံစံဖြစ်တဲ့ အဝိုင်းပုံ ထုတ်လုပ်တဲ့ ကန် တွေ စီတန်းနေပုံဟာ ကချင်ပြည်ရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေရဲ့ ပုံစံနဲ့ တိတိကျကျ တူညီနေသလို အဆိုပါ နေရာတွေဟာ “in situ leaching”ခေါ် မြေအောက်မှာ တိုက်ရိုက်ထုတ်ယူတဲ့ နည်းလမ်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။

မိုင်းပေါက်အနီးရှိ နယ်ခံသတ္တုတွင်း လုပ်သားတွေရဲ့ အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်ကလည်း “in situ leaching” နည်းလမ်းကို အသုံးနေကြောင်းကို ရှင်းရှင်းလင်းလင်းပြသနေတယ်လို့ ဆိုပါတယ်။

မိုင်းပေါက်မြို့ဟာ UWSA ရဲ့ မြောက်ပိုင်းနယ်မြေရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ပန်ဆန်းမြို့တော်ရဲ့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

SHRF အစီရင်ခံစာရဲ့ “Trapped in Hell”အရ မိုင်းပေါက်မြို့ဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ တရုတ်နိုင်ငံက ရှမ်း- တရုတ်နယ်စပ်တစ်လျှောက်မှာ ငွေလိမ်ဂိုဏ်းလုပ်ငန်းတွေရဲ့ နှိမ်နင်းခြင်းမရှိတုန်းမှာ UWSA နယ်မြေရှိ အဓိက အွန်လိုင်းငွေလိမ်လုပ်ငန်း ၁ ခုဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။