ဓာတ်ပုံ – Local

ပို့လဘား၊ ဇွန်လ ၁၄ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ်က ရပ်ကွက်တချို့တွေမှာ ရေမြှင့်တက်လာမှုကြောင့် ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ညောင်ရွှေမြို့ အနောက်ဘက်ခြမ်းက အနိမ့်ပိုင်း ရပ်ကွက်တချို့တွေမှာ မနေ့ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းကစပြီး ရေမြှင့်တက်လာပြီး ရေကြီးမှု ဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေက ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ ညောင်ရွှေဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ညောင်ရွှေဒေသခံအမျိုးသားတစ်ဦးက”မနေ့ည ၁၂ နာရီကတည်းက ရွှေ့ပြောင်းနေကြတယ်။ ဈေးထဲကဆိုင်တွေလည်း ရွှေ့ပြောင်းနေကြပြီ။ အခုကမြို့ရဲ့သုံးပုံတစ်ပုံလောက်ရှိနေပြီ။ အိမ်ဝင်းထဲတောင်ရောက်နေပြီ။ မနေ့ညနဲ့ ဒီမနက် ခဏလေးမှာပဲ ၂ ပေ ၃ ပေ လောက်ရေတွေဝင်လာတယ်။ မြို့ရဲ့ မိန်းလမ်းဘေးရဲ့ အနောက်ဘက်ခြမ်းတွေလည်း မြုပ်နေပြီ။ ရွှေနဂါးတို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အဲဘက်တွေလည်း ရေတွေစဝင်နေပြီ”လို့ ဆိုပါတယ်။

ညောင်ရွှေမြို့ အနောက်ဘက်ခြမ်းက ဒေသခံတွေဟာ ရေကြီးမှုဖြစ်လာမှာ စိုးရိမ်တာကြောင့် ညောင်ရွှေမြို့က အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ‌ရပ်ကွက်တချို့‌ကို ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ ပြောပါတယ်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရွှေညောင်၊ အေးသာယာတို့ မြို့‌ပေါ်က စီးကျလာတဲ့ ရေတွေဟာ အင်းလေးဒေသနဲ့ ညောင်ရွှေမြို့‌ပေါ်မှာ ရေလာစုပြုံတာဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

၂၀၂၅ နှစ်အတွင်း ညောင်ရွှေမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကထက် ရေကြီးရေလျှံဖြစ်မယ်လို့ မိုးလေဝသက ခန့်မှန်းထားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေပြီး နေရပ်ပြောင်းရွှေ့တာ၊ ရေကြီးမှုအတွက် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ကြဖို့ ညောင်ရွှေမြို့ပေါ်က ကူညီပေးနေတဲ့အမျိုးသားတစ်ဦးက တိုက်တွန်းထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။