ဓာတ်ပုံ – MDY – PDF

မိုင်းရူပ၊ ဇူလိုင် ၁ ရက်၊ သပိတ်ကျင်း

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၆ မိုင်ကျေးရွာရွာက နေရာတချို့ကို တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ထံ ပြန်လက်လွှတ်ခဲ့ရတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၆ မိုင်ကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး မနေ့ ဇွန်လ ၃၀ ရက် ည ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ ဒီနေ့ ဇူလိုင်လ ၁ ရက် မနက်ပိုင်းမှာ တစ်ကြိမ် ၆ မိုင်ရွာထဲကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“၅ မိုင်က စစ်ဆိုင်ထားတယ်။ ၆ မိုင်က ပြန်ပေးလိုက်ရတာ ဟုတ်တယ်ဗျ” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ၆ မိုင်ရှိ တော်လှန်ရေးတပ်တွေရဲ့ တပ်စခန်းတွေကို စစ်ကောင်စီဘက်က ဇွန်လ ၂၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ၅ မိုင်ရှိ တပ်စခန်းကို ဇွန်လ ၂၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တအာင်းတပ်မတော် TNLA၊ မန္တလေး PDF နဲ့ မိုးကုတ်ဗျူဟာ စတဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့ကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လထဲမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ မြို့အနီးရှိ စစ်ကောင်စီရဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း အမှတ် (၁၃)၊ ၇ မိုင်နဲ့ ကျောက်ကြီးရွာရှိ တပ်စခန်းတွေကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိပဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။