ဓာတ်ပုံ – မြိတ် အမှတ်(၁)တပ်ရင်း

ယာရူစိင်၊ ဇွန်လ ၂၈ ရက်၊ ပုလော

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ ပျူ ၃ ဦးသေဆုံးသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ ပုလောမြို့နယ် ကျောက္ကာရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။

“ဒေသခံတွေ ရှောင်ရတာမျိုးတော့ မရှိဘူးဗျ။ ပျူကတော့ ၁၀ ဦးဝန်းကျင်လောက်ပဲ ရှိပါတယ်ဗျ။ အရင်က ပြည်သူ့စစ်ရှိတဲ့ နေရာပါ။ သူက ကျွန်းရွာလေးဆိုတော့ ရေတပ် စစ်သင်္ဘောတွေ အမြဲလိုလိုရှိတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ မှာ ကျွန်တော်တို့ ဒီစခန်းကို ၂ ကြိမ်တိုက်ဖူးတယ်။ အဲဒီနောက် ရေတပ် စစ်သင်္ဘော‌ ၂ စီး ၃ စီး အမြဲကျောက်ချပြီး နေတယ်ဗျ။ မနေ့က တိုက်ခိုက်ချိန်မှာတော့ ရှိမနေဘူး”လို့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆက်ပြောပါတယ်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းချိန်မှာ M16 A1 ရိုင်ဖယ် ၄ လက်၊ ကျည်ဘောက် ၂ ခု၊ AK-47 ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၁၀၀၀ တောင့်၊ ၇.၆၂ ကျည် ၁၃၈ တောင့်၊ လက်ဗစ်ဗုံး ၂ လုံးနဲ့ အခြား စစ်အသုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသား ကားကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။