မိုင်းပန်ပျော်၊ ဇွန်လ ၅ ရက်

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လူဝင်မှုကြီးကြပ်ရေးရုံး-လဝကဌာနက ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ဒေသခံတွေကို မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေကို စတင်လုပ်ဆောင်ပေးနေပါတယ်။

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်တွေမှာ ဇွန်လ ၁ ရက်ကစပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေကို လုပ်ပေးနေတယ်လို့ PSLF/TNLA ရဲ့ လဝကအရာရှိတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း‌လုပ်လိုသူ‌တွေအနေနဲ့ တအာင်းဒေသအတွင်း အနည်းဆုံး ၇ နှစ်နေထိုင်တဲ့သူဖြစ်ရမှာဖြစ်ပြီး အသက် ၁၆ နှစ်အထက်ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

တအာင်းဒေသအတွင်းမှာရှိတဲ့ ဒေသခံတွေရဲ့ အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ဖို့ ဒေသအတွင်း လူအဝင်ထွက်တွေကို စနစ်တကျကြပ်မတ်ထိန်းသိမ်းနိုင်ဖို့နဲ့ ဒေသအတွင်း ပြည်သူ့အင်အားစာရင်းမှန်တွေကို ပြုစုထိန်းသိမ်းထားနိုင်ဖို့အတွက် ရည်ရွယ်ထားပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းတွေ ပြုလုပ်ပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။