မိုင်းအရှိုင်း၊ ဇွန်လ ၃၀ ရက်၊ ရွှေဖီမြေ
တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်း- PSS ရဲ့ ကျောင်းဆင်းပွဲနဲ့ ဒီပလိုမာဘွဲ့ အပ်နှံခြင်းအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ကျင်းပပြီးစီးခဲ့ပါတယ်။
အဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့ပြီး လူပေါင်း ၆၀၀ ဝန်းကျင် အခမ်းအနားပွဲကို တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားကို PSLF/TNLA ရဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗိုလ်မှူးချုပ် တားအိုမ်တမောဝ်၊ ဗိုလ်မှူးကြီး တားပန်လတို့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ အရပ်ဖက် အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ မိဘဆွေးမျိုးလည်း တက်ရောက်ခဲ့ပါတယ်။
PSLF/TNLA ရဲ့ နိုင်ငံရေးသိပ္ပံကျောင်း- PSS ကို စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၂ ဩဂုတ်လအတွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၁၅ ဦးနဲ့ ကျောင်းသူ ၂၀ ဦး စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ပါတယ်။
၃ နှစ်နီးပါးအကြာ ဇွန်လ ၂၅ ရက်မှာတော့ ကျောင်းသူကျောင်းသားတွေကို PSLF/TNLA က ဒီပလိုမာဘွဲ့ချီးမြှင့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။