မိုင်းရူပ၊ မတ်လ ၁၇ ရက်၊ လောက်ကိုင်

ညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ တအာင်းတပ်မတော်- PSLF/TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ လောက်ကိုင်မြို့မှာ တွေ့ဆုံနေတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မတ်လ ၁၆ ရက် ညနေ ၆ နာရီဝန်းကျင်ကစပြီး နှစ်ဖက်တပ် အပစ်ရပ်ထားပြီး ဒီနေ့ မတ်လ ၁၇ ရက်မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနေတယ်လို့ ဆိုပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ ကျမတို့ ဗဟိုခေါင်းဆောင်တွေနဲ့ MNDAA ဘက်က ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်မှာ ရောက်နေကြတယ်။ လောလောဆယ် တိုက်ပွဲလည်း ငြိမ်သက်နေတယ်။ ဆွေးနွေးပွဲက အဆင်ပြေမယ်လို့ ကျမတို့ မျှော်လင့်တယ်” လို့ တအာင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။

MNDAA တပ်ရဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ ၁၀၅ မိုင်နဲ့ နမ့်ခမ်း-နမ့်ဖတ်ကာကြားရှိ TNLA ရဲ့ တပ်စခန်းတွေ လက်လွှတ်ထားရပြီး တပ်ဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ လွေးယေဦးက ဆက်ပြောပါတယ်။

ဆွေးနွေးပွဲမှာ TNLA လက်လွှတ်ရတဲ့နေရာတွေ ပြန်ရဖို့ ဆွေးနွေးပွဲရလဒ်ပေါ် မူတည်ပြီး ပြောလို့ မရသေးကြောင်း လွေးယေဦးက ဆိုပါတယ်။

မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ် ၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ မုံးစီး စတဲ့နေရာ ၅ ခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အချင်းချင်းကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ချင်း ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ MNDAA နဲ့ TNLA ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ- NUCC အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။