ရွှေဖီမြေ၊ ဇန်နဝါရီ ၁၃ ရက်
မနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ကျရောက်ခဲ့တဲ့ ၆၃ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့မှာ စစ်ကောင်စီတပ်သားအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ တအာင်းတပ် (TNLA) ဘက်က ထုတ်ပြန်ပါတယ်။
အဲထဲမှာ စစ်ကောင်စီတပ်သား (၁၀၀) ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၄ ဦးနဲ့ တခြားအဖွဲ့အစည်းက ၇ ဦး စုစုပေါင်း ၁၁၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ထိ ဖြစ်ပွါးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းအပါအဝင် ဖမ်းဆီးထားသူတွေ ဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် တအာင်းအမျိုးသား အထိမ်းအမှတ်နေ့မှာ တအာင်းတပ်ရဲ့ ဥက္ကဌဖြစ်နဲ့ တားအိုက်ဘုန်းရဲ့ အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်လိုက်တာလို့ ဆိုပါတယ်။
၆၃ နှစ်ပြည့် တော်လှန်ရေးနေ့မှာ တအာင်းတပ်ဘက်က အခမ်းအနားကြီးကျယ်စွာပြုလုပ်ခဲ့ပြီး ပွဲမှာ လက်နက်အများအပြားကိုလည်း ထုတ်ပြခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။