ရွှေဖီမြေ၊ ဇန်နဝါရီ ၂၀ ရက်
(၆၃) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တအာင်းတပ် – PSLF/TNLA က ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၅ ယောက်ကို ပြန်လွှတ်ပေးပြီး ၅၅ ဦးကို ပြစ်ဒဏ်လျှော့ပေးခဲ့တယ်လို့ ၎င်းတို့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လွှတ်ငြိမ်းချမ်းသာခွင့် ရရှိကြတဲ့ အကျဥ်းသားတွေဟာ ထောင်လွှတ်ဖို့ လပိုင်းသာ လိုတော့တဲ့ သူတွေဖြစ်ပြီး ပြစ်ဒဏ်တွေ လျှော့ခံရသူတွေကတော့ နှစ်ရှည်ထောင်ဒဏ် ကျနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
PSLF/TNLA ရဲ့ ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကိုယ်တိုင် လက်မှတ်ထိုးပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလို့ ဆိုပါတယ်။
တအာင်းအမျိုးသားတော်လှန်ရေး (၆၃) နှစ် ပြည့်တင်းခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်တုန်းကလည်း PSLF/TNLA က စစ်ကောင်စီတပ်သား ၁၀၀ ဦး၊ ရှမ်းတပ် RCSS တပ်သား ၄ ဦးနဲ့ အခြားတပ်ဖွဲ့ဝင် ၇ ဦးတို့ကိုလည်း လွှတ်ပေးခဲ့ပါတယ်။
ဒီနေ့ ထပ်မံလွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေဟာ ဘယ်လိုပြစ်မှု ကျူးလွန်ထားတဲ့ အကျဥ်းသားတွေလဲဆိုတာတော့ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။