ဓာတ်ပုံ – ကိုးကန့်(ပုံဟောင်း)

မိုင်းအရှိုင်း၊ ဇန်နဝါရီ ၁၆ ရက်၊ သိန္နီ

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှမ်းမြောက် သိန္နီမြို့နဲ့ တရုတ် – မြန်မာ ကုန်သွယ်ရေးလမ်းမကြီးကို တရုတ်အကူအညီနဲ့ ပြန်လိုချင်တဲ့ စစ်ကောင်စီရဲ့ တပ်သားတွေကို MNDAA က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

TB ရောဂါရှိတဲ့ စစ်သုံ့ပန်း ၈၆ ဦးကို စစ်ကောင်စီတပ်နဲ့ MNDAA တို့ လားရှိုးမြို့ ဆင်နှစ်ကောင် ဟိုတယ်မှာ တွေ့ဆုံမှု ပြုလုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စီးပွားရေးအရ အရေးပါပြီး ကုန်သွယ်ရေး လမ်းဆုံကျတဲ့ သိန္နီမြို့နဲ့ ကိုးကန့်ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းတွေကို ပြန်ရဖို့ MNDAA နဲ့ လားရှိုးမြို့မှာ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ် တွေ့ဆုံဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။

MNDAA နဲ့ နီးစပ်သူတစ်ဦးက “ပြန်လွှတ်တဲ့အထဲမှာ ပါသွားတဲ့ ရာထူးအခြေအနေကတော့ အတိအကျမသိရပါဘူး။ ကျန်းမာရေးမကောင်းတဲ့ သူတွေပဲ လွှတ်ပေးတာပါ။ ကျွန်တော်အမြင်က စကစတွေဖက် သိန္နီအထိ ပြန်ဆုတ်ခိုင်းတဲ့ အနေအထားမှာ စစ်သုံ့ပန်းတွေဘဲ ပြန်လွှတ်ပြီး နှစ်သိမ့်ပေးတဲ့ သဘောပါ” လို့ ရွှေဖီမြေကို ပြောပါတယ်။

သတင်းရင်းမြစ် နောက်တစ်ဦးကတော့ ပြန်လွှတ်ပေးတဲ့အထဲမှာ အဆင့်ရာထူးမခွဲဘဲ ကျန်းမာရေးချို့ယွင်းတဲ့ သူတွေကိုသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ကျန်းမာရေးကောင်းပြီး အသက်ကြီးသူတွေကိုတောင် ပြန်မလွှတ်ပေးဘူးလို့ ဆိုပါတယ်။

MNDAA က စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ၂၀၂ ဦးနဲ့ အောက်တိုဘာလ ၁၄ ရက်မှာ ၄၆ ဦး ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ်က တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြန်ရပြီးတဲ့နောက် သိန္နီမြို့ကိုလည်း တရုတ်အကူအညီနဲ့ ပြန်ရဖို့ တောက်လျှောက် ကြိုးပမ်းလာတာတွေ့ရပြီး ကိုးကန့်တပ် – MNDAA ဖက်ကတော့ လက်ခံခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်းတွေသာ ပြန်လွှတ်ပေးနေတာ တွေ့နေရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။