ရွှေဖီမြေ၊ ဇန်နဝါရီ ၂၉ ရက်၊ မယ်စဲ့

ကရင်နီ – ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC ရဲ့ အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီစစ်သုံ့ပန်းအပါအဝင် အကျဉ်းသားတွေထဲက ၈ ဦးကို အသေပစ်ခတ်ခဲ့ပြီး ၂ ဦး အရှင် ပြန်ဖမ်းမိခဲ့တယ်လို့ IEC က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာ ထောင်ဖောက်ထွက်ပြေးသွားတဲ့ အကျဥ်သားတွေထဲမှာ စစ်ကောင်စီ စစ်သုံ့ပန်း ၇၆ ဦး၊ မူးယစ်ဆေးဝါးကြောင့် ထောင်ကျထားသူ ၅ ဦးနဲ့ ထောင်ဝန်ထမ်း ၂ ဦးတို့ ပါဝင်တယ်လို့ IEC ရဲ့ ဒီနေ့ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထွက်ပြေးသွားတဲ့သူတွေကို ဖမ်းဆီးဖို့ တော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၁၈ ရက်ကနေ ၂၁ ရက်အထိ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ၈ ဦးကို အသေပစ်ခတ်ခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသွားသူတွေထဲက ကျန်သူအားလုံးဟာ ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့တယ်လို့ IECက ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ အကျဥ်းတွေရဲ့ ပြောဆိုချက်နဲ့ ထိုင်းစစ်တပ်ရဲ့ အသိပေးချက်အရ ထောက်ဖောက်ပြေးဖို့ အကျဥ်းသားတွေဟာ ၃ လနီးပါးကြာ ကြိုတင်ပြင်ဆင်ခဲ့တာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၆၈ ဦးကို ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်မှာ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပါတယ်။

အကျဥ်သားတွေ ထောင်ဖောက်ပြေးသွားတဲ့ ဒီဖြစ်ရပ်အတွက် ကရင်နီလူထုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို တောင်းပန်ကြောင်း IEC က ပြောထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။