ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၈ ရက်
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီထံ လက်နက်ချပြီး အလင်းဝင်လာကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
ဗိုလ်နဂါးနဲ့ ၎င်းရဲ့ မိသားစုဝင်တွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ၎င်းရဲ့ မိသားစုနဲ့ အတူ လက်နက် ၆ လက်နဲ့ အလင်းဝင်လာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဗိုလ်နဂါး ဒီနေ့မှာ စစ်ကောင်စီထံ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ် ပုလဲမြို့နယ်မှာအခြေစိုက်တဲ့ လက်နက်ကိုင်တပ်ဖြစ်ပြီး အခွန်ကိစ္စတွေအပါအဝင် လူထုတွေအပေါ် နိုင်ထက်စီးနင်းမှုတွေကြောင့် တိုက်ခိုက်ရတာဖြစ်တယ်လို့ NUG ကတုန့်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။