ဓာတ်ပုံ – PLA

မိုင်းရူပ၊ ဇွန်လ ၁၀ ရက်၊ ပုလဲ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ ဂျက်ဖိုက်တာလေယာဉ်ရဲ့ အပျက်အစီးပုံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAက ထုတ်ပြန်ခဲ့ပြီး လေယာဥ်မှူး သေဆုံးနိုင်ခြေများကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဇွန်လ ၁၀ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမြို့နယ် ကန့်ဒေါင့်နယ်မြေရဲခန်းတိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာပါ။ လေယာဥ်မှူးက လေထီးနဲ့ ခုန်မချနိုင်ဘူးဆိုရင် သေဆုံးဖို့ များတယ်။ ကန့်ဒေါင့်ရဲစခန်းမှာ ​ ဇွန်လ ၂ ရက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ ရန်သူ့ဘက်ကလည်း လေကြောင်းအသုံးပြုပြီး ဗုံးဆက်တိုက်ကြဲနေပါတယ်” လို့ PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

ဒေသတွင်းသတင်းတွေမှာတော့ လေယာဉ်အပျက်အစီးတွေနဲ့အတူ လေယာဉ်မှူးရဲ့ ရုပ်အလောင်းရဲ့ပုံတွေကို ရေးသားဖော်ပြနေကြပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တာ ဒီတစ်ကြိမ်ဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်​။

စစ်ကောင်စီတပ်ဘက်က​တော့ တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းရေးဆောင်ရွက်နေစဉ် စက်ချို့ယွင်းပြီး ပျက်ကျပြီး မီးလောင်သွားတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ကချင်တပ်မတော်-KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။