ရွှေဖီမြေ၊ ဇွန်လ ၁၉ ရက်၊ ပုလဲ
ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့ PLAက ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇွန်လ ၁၉ ရက် နံနက် ၆ နာရီခွဲအကျော်မှာ သိမ်းပိုက်ရရှိထားတာဖြစ်တယ်လို့ PLA က ဆိုပါတယ်။
ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ဦးဆောင်ပြီး မဟာမိတ်တပ်ပေါင်းစုနဲ့ အတူတကွ ပူးပေါင်းပြီး ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့်ရင့် မဆုတ်မနစ်ဘဲ ဇွဲလုံ့လ ဝိရိယတွေ ပေးဆပ်စွန့်လွှတ်မှုတွေကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“သိမ်းပိုက်တာတော့ ဟုတ်တယ်။ အသေးစိတ်အချက်အလက်ကို ပြီးမှ ထုတ်ပြန်ပါမယ်” လို့ PLAက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း ဗုံးကြဲဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာတစ်စင်းကို PLA က ပစ်ချနိုင်ခဲ့ပါတယ်။
ကန့်ဒေါင့်ရွာရှိ စစ်ကောင်စီတပ်၊ ရဲနဲ့ပျူတွေ စခန်းထိုင်ထားတဲ့ ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကစပြီး PLAနဲ့ ပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဇွန်လ ၁၉ ရက်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။