ဓာတ်ပုံ- ပြည်သူ့ဘက်တော်သား

‎ခိုင်‌လေး၊ ဇွန်လ ၂၀ ရက်၊ စစ်ကိုင်း

‎စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အနောက်ဘက်ခြမ်း သလွန်ဖြူရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ သလွန်ဖြူရွာထဲ တပ်စွဲထားတဲ့ စခန်းက‌နေ ၆၀ မမနဲ့ စက်လက်နက်‌ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ဘက်တော်သားမှ ဝာာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”အသက် ၄၀ ပြည်သူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး တစ်ဦး ဒဏ်ရာရ။ ရမ်းပစ်တော့ မှန်သွားတာလို့ သိရတယ်။ အထိုင်ချတာက အဲဒီသလွန်ဖြူရွာမှာ ကြာပြီဗျ။ အခုဟာက ရွာထဲကိုဘဲ ရမ်းသမ်းပစ်တာ။ ပြည်သူတွေတော့ စစ်ရှောင်နေရတယ်ဗျ”

သေဆုံးသွားသူ အမျိုးသမီးဟာ အသက် ၄၀ ဝန်းကျင်ရှိပြီဖြစ်ပြီး ဒဏ်ရာရတဲ့ အမျိုးသမီးကလည်း အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ဖြစ်တယ်လို့ ဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် နေ့လယ် ၁ နာရီခွဲကလည်း မြိုင်မြို့နယ် ဇီးတောရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံတွေကို ဦးတည်ပြီး ဂျက်ဖိုင်တာနဲ့ ပေါင် ၂၅၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်ရှောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဇွန်လ ၁၅ ရက်ကလည်း မြိုင်မြို့နယ် သာစည်နဲ့ သန်းနုတောရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သန်းနုတောရွာက ဒေသခံ ၆ ဦး ဒဏ်ရာ ရခဲ့တာအပြင် အိမ်မွေးတိရိစ္ဆာန်တွေလည်း ထိမှန်သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။