ပုံစာ- နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်း ပျက်စီးမှု မေလကုန်ပိုင်းက တွေ့ရတဲ့မြင်ကွင်း

ရွှေဖီမြေ၊ ဇွန်လ ၈ ရက်၊ နမ့်ဖတ်ကာ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကနေ ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာသို့ ဆက်သွယ်ထားတဲ့လမ်းကို ပြုပြင်ဖို့ ၁၂ ပေအထက်ရှည်တဲ့ ကားကြီး သွားလာခွင့် ယာယီ ပိတ်ထားမယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။

လာမယ့် ဇွန်လ ၁၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ တစ်လကြာ ကားကြီး သွားလာခွင့် ပိတ်ထားမှာဖြစ်ပြီး ကွန်ကရစ်လမ်း ဝ/၅ မိုင် ခင်းမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တအာင်းတပ်မတော်- PSLF/TNLA ရဲ့ လမ်းတံတားဌာနက ဆောင်ရွက်မှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချိန်မှာ ယာဉ်ပိတ်ဆို့မှု မဖြစ်စေဖို့ ယာယီ ပိတ်တာလို့ ဆိုပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးနောက်ပိုင်း ကား၊ ဆိုင်ကယ်နဲ့ ခရီးသွားသူ အများစုဟာ နမ့်ဖတ်ကာ-နမ့်ခမ်း လမ်းပိုင်းကိုသာ ပိုမို အသုံးပြုလာတာကြောင့် လမ်းပိုင်း ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ယာဉ်ကြော ပိတ်ဆို့မှုနဲ့ တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားနေတဲ့လမ်းပိုင်းလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။