ဓာတ်ပုံ – Local

ရဲမာန်၊ ဇွန်လ ၉ ရက်၊ စဉ့်ကူး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကျည်တောက်ကျေးရွာက ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦး‌ သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ၁ လုံး ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး(ပြင်ဦးလွင်ခရိုင်) အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့ ဇွန်လ ၉ ရက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ တစ်လုံး ကြဲချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“စျေးလာဝယ်တဲ့အချိန်မှာ ဗုံးဆမှန်ပြီး အမျိုးသမီးတစ်ယောက်သေတယ်။ တစ်ဦးက လက်ဖြတ်လိုက်ရတယ်။ နောက် ၂ ယောက်က ပေါင်မှာ ဗုံးဆထိသွားတယ်” လို့ ပြင်ဦးလွင်ခရိုင် ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စဉ့်ကူးမြို့ပေါ်ရှိ မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကြောင်းကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်မှာ စစ်ကောင်စီတပ်က အလားတူ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၄ ရက်မှာ စဉ့်ကူးမြို့နယ် ကံတောင်ရွာနဲ့ နွယ်ရုံရွာ၂ရွာကို ကမ္ဘာက အသုံးမပြုဖို့ ပိတ်ပင်ထားတဲ့ အတွဲလိုက် ဗုံးသီးတွေကို ကြဲချသွားလို့ ပြည်သူ ၁၃ ဦး သေဆုံးပြီး ၁၃ ဦး နဲ့အထက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်‌လည်း ရှိခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။