ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

လွေးလာဝ်ဇာရ်၊ ဇွန်လ ၂၇ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက စစ်ကြောင်းထိုးတဲ့အချိန်မှာ ကျန်းမာရေးချို့ယွင်းသူတစ်ဦးအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်ကနေ ၂၅ ရက်အထိ သုံးရက်အတွင်း ဝက်‌တို(တောင်)ရွာကနေ သပြေသာရွာနဲ့ ကျောင်းကုန်းရွာထဲကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေသခံတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတဲ့အပြင် နေအိမ်တွေကိုလည်း ၃ ရက်ဆက်တိုက် မီးရှို့သွားခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရှောင်ကြတာ များတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေက ဘယ်လိုကျန်ခဲ့ပြီး ဘယ်လို ပိတ်မိကုန်ကြလည်းကို မသိဘူးပေါ့နော်။ ထွက်များ မထွက်ဘဲ နေကြတာလား။ ဒါမှမဟုတ် ပြေးနေရင်း မိကြတာလားဆိုတာ မပြောတက်ဘူး” လို့ ပြောပါတယ်။

ဖမ်းဆီသတ်ဖြတ်ခံရတဲ့သူတွေဟာ သပြေသာကျေးရွာက ဦးလှိုင်းဇာဇာ (၅၀ နှစ်)၊ ဦးအောင်နိုင် (၄၅ နှစ်)၊ ဦးတရုတ်ကြီး (၄၅ နှစ်)၊ ကိုမျိုးထက် (၃၄ နှစ်)၊ ဖိုလ်ကုန်းရွာက ဦးဝင်း ( ၅၃ နှစ်)၊ ဦးချစ်ဝင်း (၆၀ နှစ်) ကျောင်းကုန်းကျေးရွာက ကိုသိန်းတိုး (၃၇ နှစ်)၊ ဦးမြင့်မောင် (၄၅ နှစ်)နဲ့ ဦးမျိုးဆန်း ( ၄၅ နှစ်) တို့ဖြစ်ကြပြီး နှိပ်စက်ခံရသူအများစုဟာ လက်ပြန်ကြိုးတုပ်ခံထားရပြီး နောက်တစ်ဦးကတော့ မီးရှို့သတ်ဖြတ် ခံရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ၃ ရက်ဆက်တိုက် စစ်ကြောင်းထိုး‌နေတာကြောင့် သပြေသာရွာ၊ ကျောင်းကုန်းရွာနဲ့ အနီးအနားဝန်းကျင်ရွာက ဒေသခံ ၈ ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။