ဓာတ်ပုံ – Local

ရဲမာန်၊ ဇွန်လ ၂၅ ရက်၊ အောင်နန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားတွေကို ဖမ်းစီးပြီး ကားကို ပြန်ရွေးခွင့်မပြုဘဲ သိမ်းဆည်းသွားခဲ့သလို လူကိုလည်း ဖမ်းဆီးသွားပြီး ငွေနဲ့ပြန်ရွေးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နေ့စဉ် ည ၈ နာရီအချိန်ကစပြီး စစ်တပ်က အောင်နန်းရပ်ကွက် BOCထောင့် အေးစေတီအဝိုင်းပတ်အနားမှာရှိတဲ့ လမ်းကြားတစ်ခုမှာ စောင့်ကာ လိုင်စင်မဲ့ကားတွေကို လိုက်လံဖမ်းဆီးနေတာ ၂ ပတ်နီးပါး‌ရှိနေပြီလို့ ပြောပါတယ်။

“ကားတော့ပြန်မပေးဘူး။ လူကတော့အချုပ်ကျတယ်။ ၂ ရက်ကနေ တစ်ပတ်ထိကျပြီး လူကိုတော့ သိန်း ၃၀ ဆယ် နဲ့ ရွေးလို့ရတယ်။ ကားကတော့ သိမ်းသွားတယ်”လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ကားတွေကို သိမ်းဆည်းထားတာမျိုးမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယ်တိုင် ပြန်စီးနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဆိုင်ကယ်ကတော့ ညဘက်မှာ ဖမ်းဆီးတာမျိုးမရှိပေမဲ့ ‌နေ့ဘက်မှာတော့ တစ်ခါတစ်လေ ဂေါက်ကွင်းအနားမှာ စစ်ဆေးဖမ်းဆီးလေ့ရှိတယ်လို့ ၎င်းကပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။