ဓာတ်ပုံ- Local

ရဲမာန်‌၊ ဇွန်လ ၁၂ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်- PNO စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က စစ်တပ်နဲ့ PNO ဟာ ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ လွယ်ပေါ၊ ဆောင်နန်းခဲ၊ နမ့်ပေါ်လုံနဲ့ ပိန္နဲကုန်းရွာတွေဘက် စစ်ကြောင်းထိုးလို့ ဒေသခံ ၁,၇၀၀ ကျော်ဟာ စစ်ရှောင်နေကြရပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ၎င်းအမျိုးသမီးက ပြောပါတယ်။

“စစ်ရှောင်ဖို့အတွက် တချို့ ငွေတတ်နိုင်တဲ့လူတွေက ကားငှားတယ်။ မတတ်နိုင်တဲ့သူ‌‌တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးနေရတယ်။ စားဝတ်နေရေးလည်း အရမ်းခက်ခဲတယ်”

မိုးတွင်းဖြစ်တဲ့အတွက် မိုးကာနဲ့ စားနပ်ရိက္ခာ‌ ဝယ်ယူသုံးစွဲဖို့ ငွေကြေး မလုံလောက်တဲ့အတွက် အကူအညီ လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ရှောင်ထဲ အမျိုးသား ၈၁၆ ယောက်နဲ့ အမျိုးသမီး ၈၈၆ ယောက်ရှိပြီး မိုးဗြဲ အနောက်ဘက်ခြမ်းမှာ စစ်ရှောင်နေရတယ်လို့ သူမက ဆိုပါတယ်။

“တိုက်ပွဲ‌တော့ မဖြစ်သေးဘူး။ စစ်ကြောင်းနဲ့ လက်နက်ကြီး ရမ်း‌သမ်းပစ်ခတ်လို့ နေအိမ် ပျက်စီးတဲ့အပြင် လူသေဆုံးတာတွေရှိလို့ စစ်ရှောင်နေရတာ” ဆိုပြီး အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်ကလည်း လက်နက်ကြီး ပစ်ခတ်လို့ ဖယ်ခုံ အရှေ့ဘက် နမ့်ပေါ်လုံရွာက ၁၂ တန်း ကျောင်းသား သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။