ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ မေလ ၈ ရက်၊ ကွတ်ခိုင်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄) ပန်းခြံထဲမှာ ပုဂ္ဂလိကဆေးရုံ ဖွင့်လှစ်ထားတဲ့ ဇီဝကမောင်ဆေးရုံက သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းကို အခမဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို အခုမေလကနေ သြဂုတ်လအထိ ၄ လကြာသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်ချင်သူတွေအနေနဲ့ မေလ ၁၅ ရက် နောက်ဆုံးထားပြီး ဇီဝကမောင်ဆေးရုံမှာ လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လူမျိုး ဘာသာမရွေး လာပြီး သင်တန်းလျှောက်လို့ရတယ်။ ဒေသမှာရှိတဲ့ လူငယ်တွေကို အကုန်တက်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဒါမျိုးက ရှားတယ်။ အဲလို ဆေးဝါးကျွမ်းကျင်တို့ သူနာပြုတို့ဆိုတာ သင်တန်းကြေးတွေပေးပြီးမှ တက်ရတာကိုး။ တခြားမြို့ တခြားဒေသကနေလည်း လာတက်လို့ရတယ်လေ။ အဓိကက သူတို့ ဒီမှာ ဆွေမျိုးတွေဘာတွေရှိတယ်။ သူတို့နေဖို့ ထိုင်ဖို့ အဆင်ပြေတယ်ဆိုရင် သင်ပေးတယ်”

သင်တန်းကို ၈ တန်းအောင်မြင်ပြီးတဲ့ ၊လူမျိုး ဘာသာ၊ ကျား၊ မ အသက် အရွယ်မရွေးတက်ရောက်နိုင်ပြီး လူဦးရေ ကန့်သတ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

သင်တန်းပြီးသွားရင် ဆေးရုံက သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့ သင်တန်သားတွေ အနေနဲ့ ဇီဝကမောင် ဆေးရုံမှာ အလုပ်လုပ်နိုင်သလို အခြားဆေးရုံ၊ ဆေးခန်းတွေမှာ လုပ်ချင်ရင်လည်း ဆေးရုံဘက်က ကူညီချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။