ဓာတ်ပုံ- One Day

‎ခိုင်လေး၊ မတ်လ ၂၇ ရက်၊ ကျောက်ဆည်

‎CDM သူနာပြုဆရာမ ယဉ်မွန်အောင်ကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)က တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ရှိ- Shield အမျိုးသမီးအဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထံ အိတ်ဖွင့်စာ ပေးပို့ကာ တိုင်ကြားခဲ့ပါတယ်။

တာဝန်ကျတဲ့ ကျောက်ဆည်ခရိုင် တပ်ရင်း(၃)ထံ CDM သူနာပြုဆရာမ ရဲဘော် ယဉ်မွန်အောင်က တပ်ရင်းမှ နုတ်ထွက်စာ တင်တဲ့ကိစ္စကြောင့် တပ်ရင်းမှ ဖမ်းဆီးရိုက်နှက်ခံရတာနဲ့ ခြောက်ပေါက်မှာ ၃ ရက်ကြာ ဒဏ်ခတ်တာ ခံရတယ်လို့ Shield အမျိုးသမီးအဖွဲ့က မတ်လ ၂၆ ရက်က NUG ထံ ပေးပို့တဲ့ တိုင်ကြားစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။

Shield အမျိုးသမီးအဖွဲ့ ဒုဥက္ကဌ ဒေါ်မိုးသဲက “NUG အစိုးရဝန်ကြီးဌာနကို အိတ်ဖွင့်ပေးစာ ပေးပို့ထားတဲ့ကိစ္စက MOD ဝန်ကြီးဌာနက စာ လက်ခံရရှိတယ်လို့ အကြောင်းပြန်လာတာရှိတယ်။ စစ်ရေးဘက်ကို ပို့ပေးထားတယ်။ တိုင်စာကဏ္ဍကိုလည်း ပို့ပေးထားတယ်ဆိုပြီး Email ကနေ အကြောင်းပြန်လာတာ ရှိတယ်။ တပ်ရင်းကနေ နုတ်ထွက်စာ တင်တဲ့အခါမှာ နုတ်ထွက်ခွင့် မပေးဘဲနဲ့ နုတ်ထွက်စာ တင်ခြင်းအပေါ် ပြစ်ဒဏ်ပေးတဲ့ပုံစံမျိုးနဲ့ အပြစ်မရှိဘဲနဲ့ အပြစ်ပေးတာပေါ့နော်။ ကျမတို့ဆီ ကိုယ်စား လာတိုင်ကြားတာပါ။ သူအပြစ်ဒဏ်ခံနေရတဲ့အချိန်က ဘယ်သူနဲ့မှ အဆက်အသွယ် မရဘူး။ အဲကနေတဆင့် ကျမတို့က ကာယကံရှင်နဲ့ စကားပြောရတာဖြစ်တယ်” လို့ ပြောပါတယ်။

‎CDM ဆရာမ ယဉ်မွန်အောင်ဟာ မိုးမိတ် ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ CDM ပြုလုပ်ပြီး အမှတ်(၁)စစ်ဒေသ အမှတ်(၅၁၅)တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ဆောင်ခဲ့ပြီးနောက် တပ်ရင်းမှူးရဲ့ ညွှန်ကြားချက်ကြောင့် ကျောက်ဆည်ခရိုင် တပ်ရင်း(၃)ကို ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ခဲ့ရတာလို့ ဖော်ပြထားပါတယ်။

မိုးမိတ် ပြည်သူ့ဆေးရုံမှ CDM ဆရာမ ယဉ်မွန်အောင်ကို တပ်ရင်းမှူးက နှိပ်စက်တဲ့ဖြစ်ရပ်က အင်မတန် ရွံရှာဖွယ်လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ CDM အရေး လှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။

“ကျောက်ဆည်က ခရိုင်တပ်ရင်း ၃ က တပ်ရင်းမှူး ဒေါက်တာ လုံးလုံးက ရိုက်တာဗျ။ ဆရာမက သူ့မိသားစုနဲ့အတူ နေချင်လို့ နုတ်ထွက်စာ တင်တာမဟုတ်ဘူး။ တပ်ရင်းမှူးက နှိပ်စက်လို့။ အာဏာရှင် ဆန်နေလို့ဗျ။ ဒုတပ်ရင်းမှူးနဲ့ ဆရာမက ထွက်ပြေးလာတာ။ သူတို့ကို လုံခြုံတဲ့နေရာမှာ ပို့ထားပေးတယ်ဗျ” ဆိုပြီး CDM အရေး လှုပ်ရှားသူ One Day ဆိုသူက ရွှေဖီမြေကို ပြောပါတယ်။

ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမှာမဆို အမျိုးသမီးတွေ ပါဝင်မှု များလာတာကြောင့် ကိုယ့်တပ်ရင်းမှာရှိတဲ့ အမျိုးသမီး စစ်သည်တွေကို ကာကွယ်‌ပေးကြဖို့ CDM အရေး လှုပ်ရှားသူ တစ်ယောက်အနေနဲ့ တောင်းဆိုချင်တယ်လို့ သူက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။