ပို့လဘား၊ စက်တင်ဘာ ၁ ရက်
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာ မနေ့ ဩဂုတ်လ ၃၁ ရက် တရုတ်စံတော်ချိန် ည ၆ နာရီခွဲမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရပါတယ်။
“ကျယ်ဂေါင်ဝိုင်းမှာ ဖြစ်တာ။ သူတို့ ရှမ်းစကားပြောနေကြတာ။ ဆိုင်ကယ်မောင်းတဲ့သူက သူ့သမီးထင်တယ်။ သူတို့ မူဆယ်ဘက်ကနေ ရွှေလီထဲ ဝင်လာရင်း ဖြစ်သွားတယ်ထင်တယ်။ ကျနော်လည်း ခဏရပ်ကြည့်ပြီး ပြန်သွားလိုက်တာ” လို့ ရွှေလီမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူ အမျိုးသမီးဟာ ဘယ်သူဘယ်ဝါဖြစ်ပြီး ဘယ်မှာနေလဲဆိုတာ သေချာမသိရသေးပဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ၂ ရက်ကလည်း တရုတ်နိုင်ငံ ရွှေလီမြို့မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး တရုတ်မှာ အလုပ်သွားလုပ်တဲ့ နမ့်ဆန်မြို့နယ် အုမ်းစွမ်ရွာက အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကလည်း ရွှေလီမြို့ထဲမှာ ကားနဲ့ ဆိုင်ကယ် တိုက်မှုဖြစ်လို့ မြန်မာလုပ်သား အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။