ဓာတ်ပုံ- PNLO/PNLA

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၂ ရက်၊ ဆီဆိုင်

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး တစ်ဦးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၃ နာရီမှာ ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ဖြီကျွတ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းတပ်မတော်- PNLO/PNLA က ဒီနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီခန့်မှာ ထုတ်ပြန်လာပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ကြဲတဲ့အချိန်က မနေ့ညနေပေါ့နော်။ ဂျက်ဖိုက်တာနဲ့ ၅ ကြိမ် လာတယ်။ လေးကြိမ် ကြဲသွားတယ်။ ဗုံးက ၃ လုံး ပေါက်ကွဲတယ်။ တစ်လုံးက မပေါက်ဘူး။ ပေါက်ကွဲတဲ့ အလုံးထဲကနေမှ တောင်ယာကနေ ပြန်လာတဲ့ ပြည်သူတွေကို ထိတာ။ သေတဲ့သူရော ဒဏ်ရာ ရတဲ့သူရော အကုန်လုံးက အမျိုးသမီးတွေဘဲ” လို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာကနေ ပြန်လာတဲ့ ဒေသခံအမျိုးသမီး ၃ ဦးထဲမှ သားအမိ ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၄ ဒီဇင်ဘာ ၃၁ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ PNLO ရဲ့ ဌာနချုပ်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။