ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၃ ရက်

ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီ တပ်သားနဲ့ ရဲ ၁၃၆ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM မှာ ပါဝင်လာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်း ခိုလှုံလာသူ ၁၃၆ ဦးထဲ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ အရာခံဗိုလ် ၁ ဦးအပါအဝင် တပ်သား ၁၂၇ ဦးနဲ့ ရဲ ၉ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ လက်နက်နဲ့အတူ CDM လုပ်လာသူ ၈၃ ဦးရှိပြီး လက်နက် ယူဆောင်လာသူတွေကိုတော့ NUG က သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်သားနဲ့ ရဲ စုစုပေါင်း ၁ သောင်း ၅ ထောင်နီးပါးရှိပြီး အဲဒီတပ်သားနဲ့ ရဲအတွက် NUG က လစဉ် ကျပ်သိန်း ခြောက်ထောင်ကျော် သုံးစွဲပြီး ကူညီနေတယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA သတင်းဌာနသို့ ဖြေကြားထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအမိန့် ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်သူ့ရင်ခွင်ကို ခိုလှုံလာသူထဲ အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။