ရွှေဖီမြေ၊ မတ်လ ၂ ရက်၊ ပန်လုံ

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စု နားခိုလျှံရွာမှာ မိရိုးဖလာ ကြေစာခေါ် မှင်ခံစက္ကူလုပ်ငန်း အလုပ်ဖြစ်နေတယ်လို့ လုပ်ကိုင်သူတစ်ဦးဆီက သိရပါတယ်။

ကြေစာစက္ကူလုပ်ငန်း လုပ်ကိုင်မှုဟာ မိသားစုဝမ်းစာ ဖူလုံနေကြောင်း နားခိုလျှံရွာမှာ နေထိုင်သူ ဒေါ်ခင်ဝင်းမာက ပြောဆိုပါတယ်။

“ဒီလုပ်ငန်းက တစ်နှစ်မှာ ၄ လဘဲ လုပ်ရပေမဲ့ တစ်ရက်ကို အနည်းဆုံး အရွက် ကိုးဆယ် ရတယ်။ အများဈေးနဲ့ ပြန်ရောင်းရင် တစ်ရွက်ကို ငါးရာ ရတယ်။ တစ်လကို ဆယ်သိန်းလောက်တော့ ကျန်တယ်”

လုပ်ငန်းအတွက် အလုပ်သမား ခေါ်စရာမလိုဘဲ မိသားစုဝင်ထဲကသာ ဝိုင်ဝန်းလုပ်ဆောင်ကြတာဖြစ်ပြီး နားခိုလျှံရွာခံတချို့ဟာ ကြေစာစက္ကူလုပ်ငန်းအပြင် တောင်ယာလုပ်ငန်းလည်း လုပ်ကိုင်ကြပါတယ်။

ကြေစာစက္ကူဟာ လျှော်ပင်ကနေတစ်ဆင့် အခေါက်ကို ခွာယူပြီး ရရှိတာဖြစ်ပြီးတော့ ၁၂ နာရီခန့် ရေစိမ်ထားပြီး ကြေညှပ်အောင် ထောင်းရတာပဲ ဖြစ်ပါတယ်။

ပြာနဲ့ ပြန်ပြုတ်ပြီး သန့်စင်အောင် ပြန်လည် ဆေးကြောရပြီးတော့ ရေဆလာခေါ် ပုံစံခွက်ထဲ ၃ နာရီကြာ အခြောက်ခံထားရပါတယ်။

အလားတူ ပန်လုံအုပ်စု ပန်းသပြေရွာ‌မှာ ဝက်မွေးမြူရေး လုပ်ကိုင်သူ‌တွေဟာ အရင်နှစ်ထက် အမြတ် ပိုရနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပန်လုံမှာ ဝက်သားတစ်ပိဿကို ၂ သောင်း ၈ ထောင်ကနေ ၃ သောင်းခွဲအထိ ပေါက်ဈေးရှိပြီး ဝက်ပေါက်ကောင် ၄၅ ရက်ပြည်တစ်ကောင် ၃ သိန်း‌‌ကျော် ရရှိတာကြောင့် ဒေသခံတချို့ဟာ ဝက်မွေးမြူးရေးလုပ်ငန်း စိတ်ဝင်စားသူ များလာပါတယ်။

ပန်းသ‌ပြေရွာမှ ဝက်မွေးမြူရေး လုပ်ကိုင်နေသူ မားသိန်းခင်က “ဝက် စမွေးတာ သုံးကောင်နဲ့ တစ်နိုင်တစ်ပိုင်ဘဲလုပ်တာ မွေးရင်း ဒီနေ့အထိ ဝက်ကောင်လည်း များလာတာ။ ရောင်းလဲ ရောင်းရပါတယ်။ အချို့ဆို သားပေါက်ကောင် ၄၅ ရက်ပြည့်စပဲ လာရှာဝယ်တယ်။ ကျမ အမျိုးသားက မရောင်းလို့ ကြီးမှရောင်းမှာတဲ့ ဝက်ကုမ္ပဏီဆို အကောင်ပြတ် ရချင်လို့ ခဏခဏ လာမေးတယ်” ဆိုပြီး ပြောပါတယ်။

ပန်လုံဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး စစ်အာဏာသိမ်းခံရပြီးနောက် အဆမတန် မြှင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ဒေသခံတွေဟာ မွေးမြူရေးနဲ့ တခြားသော ဝင်ငွေရ လုပ်ငန်းတွေကိုပါ ပြောင်းလဲ လုပ်ကိုင်လာကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။