ရွှေဖီမြေ၊ မတ်လ ၁၄ ရက်

ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို ရပ်‌ဆိုင်းတော့မယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်- WFP က ဒီနေ့ မတ်လ ၁၄ ရက် နေ့လယ်မှာ ထုတ်ပြန်လာပါတယ်။

WFP ဟာ ရန်ပုံငွေ လိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလကစပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာအကူအညီ ရပ်ဆိုင်းရတော့မှာဖြစ်တယ်လို့ အသိပေး ပြောဆိုထားပါတယ်။

နိုင်ငံအတွင်း ပဋိပက္ခနဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှု‌သူကို သွားရောက်ကူညီခွင့် ကန့်သတ်ချက် တိုးမြင့်လာတာကြောင့် စားနပ်ရိက္ခာ အကူအညီ လိုအပ်ချက် ပိုမိုများပြားလာနေချိန်မှာ အခုလို အထောက်အပံ့ကို ရပ်ဆိုင်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ရန်ပုံငွေအသစ် မရရှိရင် WFP က ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြတဲ့ အသက်ငါးနှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နဲ့ မသန်စွမ်းသူ‌အပါအဝင် လူဦးရေ ၃ သောင်းခွဲခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။

စားနပ်ရိက္ခာရဖို့ WFP ရဲ့ အထောက်အပံ့ကိုသာ အားထားနေရတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ နေရပ်စွန့်ခွာသူဦးရေ ၁ သိန်းကိုပါ ထိခိုက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ မြန်မာလူထုတွေအတွက် ရိက္ခာအထောက်အပံ့ ဆက်လက် ပေးအပ်သွားနိုင်ဖို့ WFP က အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီး လိုအပ်နေပါတယ်။

စားနပ်ရိက္ခာ လိုအပ်မှု အမြင့်ဆုံးဖြစ်ကာ အခက်ခဲဆုံးရာသီချိန်ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွက် တွေးမျှော်ကာ အရေးပေါ်အစီအစဉ်အနေနဲ့ လာမယ့် လတွေကို စားနပ်ရိက္ခာ ပြတ်တောက်နိုင်မယ့် လူဦးရေ ၃ သိန်းကို ပြန်လည်ပြီး အထောက်အပံ့‌ ပေးသွားနိုင်ဖို့အတွက် ဦးစားပေး ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့်က တစ်နေ့တာ စားနပ်ရိက္ခာ လိုအပ်ချက်ကို မပြည့်မီနိုင်တဲ့အရေး ကြုံနေရတယ်လို့ ပြော‌ဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။