ရွှေဖီမြေ၊ ဇူလိုင် ၄ ရက်
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ် ဆီအောကျေးရွာအထက်မှာရှိတဲ့ ရေသိုလှောင်ကန်ပျိုကျပြီး ရေကြီးရေလျှံဖြစ်ပွားကာ ရွာခံ ၃ ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
ရေသိုလှောင်ကန် ပျိုမကျခင်မှာလည်း မိုးအပြင်းအထန်ရွာသွန်းတာကြောင့် စိုက်ခင်းတွေထဲ ရေဝင်ပြီး စိုက်ခင်းအများအပြား ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းမှာတော့ ရေသိုလှောင်ကန် ပျိုကျခဲ့ပြီး ရွာထဲရှိ နေအိမ်အများအပြားက ရေတိုက်စားတာခံခဲ့ရသလို ဒေသခံ ၃ ဦးရဲ့ ရုပါအလောင်းကို MNDAA ဆယ်ထုတ်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် မိုးရွာသွန်းမှုကြောင့် ကွမ်းလုံမြို့ ဖောင်ဆိပ်မှာလည်း ရေကြီးရေလျှံဖြစ်ပွားကာ သေဆုံးပျက်စီးမှုကိုတော့ အတိအကျမသိရသေးပါဘူး။
ညီနောင်မဟာမိတ် (၃)ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ကျင်စန်းကျော့မှာလည်း မနေ့ ဇူလိုင် ၃ရက်နေ့က ရေကြီးရေလျှံဖြစ်ပွါးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။