ဓာတ်ပုံ – Local

ရဲမာန်၊ ဇူလိုင် ၂၉ ရက်၊ ကလော

ရှမ်းတောင်၊ ကလောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၃ခုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်မှာ မိုးစတင်ရွာသွန်းပြီး နေ့ရောညပါ မတိတ်ဘဲ ရွာသွန်းနေတဲ့အပြင် ချောင်းတွေထပ်ချဲ့ထားတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားလာရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“မိုးရွာတာ ၂ ရက်ဆက်တိုက် မိုးမတိတ်ဘူးလေ။ အဲ့ကြောင့် အပေါ်ပိုင်းက မြင်းဒိုက် တောင်လားဖက်က ပိုကြီးရင် ချောင်း‌ပိုတက်တယ်။ ကလောမြို့က ချိုင့်ဝှမ်းလို့‌ဖြစ်တော့ တောင်ကြားတွေကစီးလာတဲ့ရေမှန်သမျှက မြို့လယ်ခေါင်ဆိုတော့ ရေအိုင်ကြီးလိုဖြစ်”

ကလောမြို့က မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ ၂၊ ၃နဲ့ ၄ ရပ်ကွက် ၃ ခုမှာ ရေကြီးရေလျှံ‌မှုဖြစ်ပွားခဲ့ပြီး မနေ့က ညနေမှာတော့ ရေပြန်ကျသွားပြီလို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

“မနေ့ညနေ လေးနာရီလောက်ကနေပြန်ကျသွားတာပါ။ အခုလဲ မိုးအကြီးကြီးရွာနေပါတယ်။ ချောင်းထဲမှာ ရေအခံကရှိနေတော့ ပြန်တက်လာမှာ စိုးရိမ်နေကြပါတယ်။ အခုရွာနေတဲ့ မိုးက တော်တော်လေးကြီးပါတယ်။ စိုးရိမ်စရာပါဗျာ”

ကလောမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၁၁ ရက်က ရေကြီးပြီး မြေပြိုခဲ့တာကြောင့် လူအယောက် ၆၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စစ်လက်ခြင်းနဲ့ မိုးသီးကြွေခြင်းတို့ ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၂၇ ရက်မှာ ကြိုတင် အသိပေးထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။