ရွှေဖီမြေ၊ နိုဝင်ဘာ ၁၀ ရက်

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သွားမယ်လို့ မွန်ခမာမျိုးနွယ်ဖြစ်တဲ့ “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ပူးတွဲထုတ်ပြန်လာပါတယ်။

စစ်တပ်က သမိုင်းတစ်လျှောက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာကို လှည့်စားပြီး တရားဝင် အာဏာရဖို့ ၎င်းတို့ရဲ့အာဏာ တည်မြဲဖို့နဲ့ တိုင်းရင်းသား အင်းအားစုတွေအကြား စည်းလုံးညီညွတ်မှု ပျက်ပြားအောင် သွေးခွဲဖို့အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲဟာ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကို ရှောင်ရှားဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ ဆန့်ကျင်နေတာကြောင့် မွန်ခမာ မျိုးနွယ်စုဖြစ်တဲ့ “ဝ”၊ မွန်နဲ့ တအာင်းလူငယ်အဖွဲ့အနေနဲ့ လုံးဝ ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အလားတူ ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားတွေလည်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ပြင်ပနိုင်ငံက အိမ်နီးချင်း ရင်းနှီးမြှုပ်နှံသူအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နည်းပညာအရ ပံ့ပိုးကူညီတာ၊ စောင့်ကြည့်လေ့လာတာ၊ ပူးပေါင်းပါဝင်တာ၊ အသိအမှတ် ပြုတာနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးအရ ပံ့ပိုးဆောင်ရွက်တာတွေ မလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ လူထုတွေရဲ့ လှုပ်ရှားမှုနဲ့ လူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေး အစုအဖွဲ့တွေကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။