မိုင်းအရှိုင်း၊ ဧပြီ ၂၃ ရက်၊ ရွှေဖီမြေ

ရှမ်းတပ်သားသုံးဦးက အမျိုးသမီးငယ်တစ်ယောက်ကို လိမ်လည်ဖမ်းဆီးကာ မဖွယ်မရာ စစ်ဆေးပြီး ချုပ်နှောင်နေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေပါတယ်။

စကားပြောစက်ပါတဲ့ တပ်သားတစ်ယောက်က လက်မှာ မူးယစ်ဆေးဝါးတစ်ထုပ်ကို လက်ကြားထဲ ညှပ်ထားကာ အမျိုးသမီးငယ်ရဲ့ လွယ်အိတ်ထဲ စစ်ဆေးပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုကာ လည်ပင်းကို ကြိုးစွပ်ချည်နှောင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသားက “နင်က ဘိန်း ဘယ်မှာဝယ်တာလဲ”လို့ မေးလိုက်တဲ့အချိန်မှာ အမျိုးသမီးငယ်က “ဘယ်မှာမှ မဝယ်ဘူး”လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးသုံးယောက်က ရှမ်းစကားကို ကျွမ်းကျင်စွာ မပြောနိုင်တာနဲ့ တအာင်းရူစိင်းမျိုးနွယ်တွေရဲ့ ပြောဆိုတဲ့အသုံးအနှုန်း ဖြစ်တာကြောင့် တောင်ပိုင်းရှိ တအာင်းရူစိင်းဖြစ်နိုင်ကြောင်း ယူဆနိုင်ပါတယ်။

ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကို ဘယ်သွားမလဲလို့ ဗီဒီယို ရိုက်တဲ့သူ မေးတဲ့အခါမှာ “ကိန်ခမ်း”ဘက်ကို သွားမယ်လို့ ပြန်လည်ဖြေကြားချက်အရ ဖြစ်စဉ်နေရာဟာ ကျိုင်းတောင်း သို့မဟုတ် ခိုလမ်ဘက်ရှိ ကျိုင်းခမ်းရွာတစ်ဝိုက်ကလို့ ပြောဆိုနိုင်ပေမဲ့ ရွှေဖီမြေက ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

စစ်ဆေးရာမှာလည်း အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို မဖွယ်မရာ ထိတွေ့ပြီး စစ်ဆေးတာကို ရုပ်သံမှာ တွေ့ရပြီးတော့ စစ်ဘောင်းဘီ ဝတ်ထားတဲ့သူဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။