မိုင်းအရှိုင်း၊ ဧပြီ ၂၃ ရက်၊ ရွှေဖီမြေ

ရှမ်းတပ်သားသုံးဦးက အမျိုးသမီးငယ်တစ်ယောက်ကို လိမ်လည်ဖမ်းဆီးကာ မဖွယ်မရာ စစ်ဆေးပြီး ချုပ်နှောင်နေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် ပြန့်နှံ့နေပါတယ်။

စကားပြောစက်ပါတဲ့ တပ်သားတစ်ယောက်က လက်မှာ မူးယစ်ဆေးဝါးတစ်ထုပ်ကို လက်ကြားထဲ ညှပ်ထားကာ အမျိုးသမီးငယ်ရဲ့ လွယ်အိတ်ထဲ စစ်ဆေးပြီး မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုကာ လည်ပင်းကို ကြိုးစွပ်ချည်နှောင်လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသားက “နင်က ဘိန်း ဘယ်မှာဝယ်တာလဲ”လို့ မေးလိုက်တဲ့အချိန်မှာ အမျိုးသမီးငယ်က “ဘယ်မှာမှ မဝယ်ဘူး”လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးသုံးယောက်က ရှမ်းစကားကို ကျွမ်းကျင်စွာ မပြောနိုင်တာနဲ့ တအာင်းရူစိင်းမျိုးနွယ်တွေရဲ့ ပြောဆိုတဲ့အသုံးအနှုန်း ဖြစ်တာကြောင့် တောင်ပိုင်းရှိ တအာင်းရူစိင်းဖြစ်နိုင်ကြောင်း ယူဆနိုင်ပါတယ်။

ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကို ဘယ်သွားမလဲလို့ ဗီဒီယို ရိုက်တဲ့သူ မေးတဲ့အခါမှာ “ကိန်ခမ်း”ဘက်ကို သွားမယ်လို့ ပြန်လည်ဖြေကြားချက်အရ ဖြစ်စဉ်နေရာဟာ ကျိုင်းတောင်း သို့မဟုတ် ခိုလမ်ဘက်ရှိ ကျိုင်းခမ်းရွာတစ်ဝိုက်ကလို့ ပြောဆိုနိုင်ပေမဲ့ ရွှေဖီမြေက ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။

စစ်ဆေးရာမှာလည်း အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို မဖွယ်မရာ ထိတွေ့ပြီး စစ်ဆေးတာကို ရုပ်သံမှာ တွေ့ရပြီးတော့ စစ်ဘောင်းဘီ ဝတ်ထားတဲ့သူဟာ ဘယ်အဖွဲ့အစည်းလဲဆိုတာကို အတည်မပြုနိုင်သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။