ဓာတ်ပုံ- UWSA

ရွှေဖီမြေ၊ မတ်လ ၂၉ ရက်၊ ပန်ဆန်း

ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ကျပ် သန်း ၂ ထောင် ကူညီမယ်လို့ ဆိုပါတယ်။

မနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် အခြားဒေသမှာလည်း ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးတာလည်း များနေပြီးတော့ သေဆုံးမှု ဆက်လက် မြှင့်တက်နေပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အခြေအနေတွေကို ခေတ္တရပ်စဲကြပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အဖွဲ့အစည်းအားလုံး အတူပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ငလျင်ဘေးသင့်သူတွေအတွက် UWSA က ဝမ်းနည်းကြောင်းသဝဏ်လွှာနဲ့အတူ ကျပ် သန်း ၂ ထောင်ကူညီမယ်လို့ UWSA ရဲ့ ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက မနေ့ မတ်လ ၂၈ ရက် ညနေပိုင်းက ၎င်းရဲ့ လူမှုကွန်ယက်မှတဆင့် အသိပေးထားပါတယ်။

ငလျင်ဒဏ်ကြောင့် လူ ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် အဆောက်အုံလည်း ပျက်စီးဆုံးရှုံးမှု များတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း အရေးပေါ် လိုအပ်နေကြပါတယ်။

ဒါ့အပြင် ‌ငလျင်ဘေးအတွက် အမေရိကန်က အကူအညီ ပေးသွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကယ်ဆယ်ရေးနဲ့ဆေးကုသမှုအဖွဲ့တစ်ခုက ငလျင်ဘေးသင့်သူအတွက် အကူအညီပေးဖို့ ဒီနေ့ မတ်လ ၂၉ ရက် မနက်ပိုင်းက မြန်မာဘက် ရောက်ရှိလာတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။