ပို့လဘား၊ မတ်လ ၂၇ ရက်၊ မိုင်းမော

“ဝ”ဒေသ မိုင်းမောမြို့မှာ လူသတ်မှု ကျူးလွန်သူကို “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ‌၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်မှာ အသက် ၂၄ နှစ်အရွယ် ချိန်ဆိုင်တောင်းဟာ သူငယ်ချင်းနဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲပြီး စကားများ ရန်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဖြစ်စဉ်အခြေနေသိရှိသူ အမျိုးသမီးတစ်ဦးက “သူတို့နှစ်ယောက် ဆေးအတူသုံးကြတယ်။ ပြီးမှ အချင်းချင်း စကားများရန်ဖြစ်တာပေါ့။ သူ့ဘေးမှာရှိတဲ့ သံချောင်းကို ယူပြီး သူ့သူငယ်ချင်းကို ရိုက်လိုက်တာ။ အဲမှာဘဲ ပွဲချင်းသေဆုံးသွားတယ်။ ဆေးသုံးထားတယ်ဆိုတော့ ဆေးကြောင်တာလည်း ပါမယ်” လို့ ပြောပါတယ်။

လူသတ်မှု မြောက်တာကြောင့် ပြစ်မှုကို သေချာစိစစ်ပြီးနောက် ၂၀၂၅ မတ်လမှာ မိုင်းပေါက်မြို့ တရားစီရင်ရေးကွင်းမှာ သေဒဏ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီပြစ်မှုကို လိုက်ရင်းလိုက်ရင်းနဲ့ အဲကြားမှာ ကြာသွားတာပေါ့။ သေဒဏ် ချမှတ်လိုက်တဲ့နေ့က သေချာမသိပေမဲ့ သူတို့သတင်းထုတ်ပြန်တဲ့နေ့က ၂၄ ရက်နေ့ပေါ့နော်။ ဒီမတ်လထဲပဲ ဖြစ်မှာပေါ့” လို့ သူမက ဆက်ပြောပါတယ်။

ပြစ်မှု ကျူးလွန်တဲ့ အမျိုးသားဟာ ရဲဝန်ထမ်း ဖြစ်တဲ့အပြင် လူသတ်မှု မကျူးလွန်ခင်မှာ ခိုးမှု၊ လိမ်လည်မှုနဲ့ မူးယစ်ဆေး သုံးစွဲမှုကိုလည်း ကျူးလွန်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၃၀ ရက်ကလည်း ဟိုပန်မြို့မှာ လူသတ်မှု ကျူးလွန်သူကို သေဒဏ် ချမှတ်ခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။