မိုင်းအရှိုင်း၊ စက်တင်ဘာ ၆ ရက်၊ ဟိုပန်

“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ဟိုပန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုတွေကို UWSA ရဲ့ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ ပြစ်မှုနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိပညာ စတဲ့အကြောင်းအရာတွေကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ “ဝ”လူငယ့်အသံက သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တစ်ဦးက “စည်းရုံးတာမျိုးတော့ မရှိသေးဘူး။ ပေးမလုပ်ဘူးလို့ ကြားတယ်။ ကြိုတင် သတိပေးတဲ့အနေနဲ့ ပြောတာ။ တစ်ဆက်တည်းမှာပဲ ဟိုပန်ခရိုင်မှူးနေရာအတွက် ရာထူး ရရှိရေး၊ အာဏာ ရရှိရေး၊ မဲဆွယ်စည်းရုံးခွင့်မရှိတဲ့ အကြောင်းပေါ့ ပြောသွားတယ်” ဆိုပြီး ပြောပါတယ်။

ဒါ့အပြင် အရင်က UWSA ရဲ့ ဟိုပန်ခရိုင်မှူးဟာ သက်ငယ် အဓမ္မပြုကျင့်မှု ကျူးလွန်တာကြောင့် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ်၊ ရာထူး ဆိုင်းငံ့ခံရခြင်း စတဲ့ပြစ်ဒဏ်ပေးတာ ခံရပြီး သူ့နေရာကို ပြန်လည်အစားထိုးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ဖြစ်ဖြစ် ဟိုပန်ခရိုင်မှူးနေရာအတွက်ဖြစ်ဖြစ် အခကြေးငွေ ပေးပြီး လူထုတွေအပေါ် မဲဆွယ်စည်းရုံးရေး လုပ်တာကို UWSA က တားမြစ်ထားတယ်လို့ UWSA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပန်မြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ UWSA ထံ လက်လွှဲပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။