ဓာတ်ပုံ – ယောအလင်းတန်း၊ ဒီပဲယင်း ပကဖ

ရဲမာန်၊ နိုဝင်ဘာ ၂၀ ရက်၊ ဂန့်ဂေါ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့‌ ရွှေဖီမြေမှ စုံစမ်းသိရှိရပါတယ်။

မနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် ယဉ်ကျင်းရွာက ဘုန်းကြီးကျောင်းကို ဂျိုင်ရိုကော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရရှိခဲ့တာ ဖြစ်ပါတယ်။

“ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒဏ်ရာရတာက အမျိုးသားသုံးဦးပါ။ ဘုန်းကြီးအနားမှာ နေတဲ့ ကျောင်းသားတွေပါ” လို့ ဒီပဲယင်းပကဖ တာဝန်ခံ ဆရာသစ္စာက ရွှေဖီမြေကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂန့်‌ဂေါမြို့နယ် တောင်ခင်ရန်းရွာကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တာဖြစ်ပြီး နောက်ထပ်အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အရပ်သားနေအိမ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က ယောနယ်ကို နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ နိုဝင်ဘာ ၁၈ ရက် တရက်တည်းမှာဘဲ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းအိုရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာ‌ကြောင့် အရပ်သားတစ်ဦး‌‌ သေဆုံးပြီး ၂ ဦး ဒဏ်ရာရာရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်မှာလည်း စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာနဲ့ ကျွန်းတောလေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျွန်းတောရွာက အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။